လူ​ဝင်​မှု​ပြဿနာ အဖြေ​ရှာ​ဖို့ အီး​ယူ​ဝန်ကြီး​တွေ တွေ့​မယ့်​ရက် သတ်မှတ်

_eu_migrants ဓာတ်ပုံ မူပိုင် AFP
Image caption ရောက်လာသမျှ လူတွေ အားလုံး ကို လက်ဗွေရာ ယူ၊ မှတ်ပုံတင်ဖို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတွေက တိုက်တွန်းနေ။

ဥရောပ မှာ တိုးမြင့် ကြုံတွေ့ နေကြ ရတဲ့ လူဝင်မှု ပြဿနာကို အဖြေ ရှာကြဖို့ ဥရောပ သမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်ထဲရေး ဝန်ကြီးတွေဟာ လာမယ့် သီတင်း နှစ်ပတ် အကြာ စက်တာဘာ ၁၄ ရက်နေ့ မှာ တွေ့ဆုံကြမှာ ဖြစ်တယ်လို့ EU က ကြေညာပါတယ်။

လတ်တလော ရွှေ့ပြောင်း ဝင်ရောက် နေကြတဲ့ ပမာဏ ဟာ မကြုံစဖူး များပြားနေတာ ဖြစ်တယ် ဆိုပြီးတော့လည်း EU ရဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ လာ့ဂ်ဆင်းဘာ့ဂ် နိုင်ငံ ရဲ့ ထုတ်ပြန်ချက် ထဲမှာ ပါဝင်ပါတယ်။

ရွှေ့ပြောင်းသူတွေ ဦးစွာ ဆိုက်ရောက်လာ လေ့ရှိတဲ့ အီတလီ နဲ့ ဂရိ နိုင်ငံ တွေ မှာ ရောက်လာသမျှ လူတွေ အားလုံး ကို လက်ဗွေရာ ယူ၊ မှတ်ပုံတင် ဖို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတွေက တိုက်တွန်း နေပါတယ်။

ဒါ့အပြင် လုံခြုံစိတ်ချရတဲ့ မူလ နိုင်ငံများ စာရင်း ဆိုပြီး သတ်မှတ် ကြဖို့ ကိုလည်း အဲဒီ့ ၃ နိုင်ငံ က တိုက်တွန်း ထားပါတယ်။

ဒါမှ အဲဒီ့ နိုင်ငံတွေ က ထွက်ခွာ လာခဲ့တဲ့ ရွှေ့ပြောင်းသူတွေ ကို လာရာ မူလ နေရပ်ရင်း တိုင်းပြည်တွေ ဆီကို ချက်ခြင်း ပြန်လည် ပို့ဆောင် နိုင်ဖို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ