ဗြိ​တိန်​က ဆီး​ရီး​ယား​ထဲ​မှာ ဒ​ရုန်း​တိုက်ခိုက်​မှု ပြုလုပ်

_uk_syria_
Image caption ဂျနိုက်ဟူစိန် နဲ့ ရီယတ်ခန်း ဆိုသူတို့ဟာ ဗြိတိန် အပါအဝင် အနောက် နိုင်ငံ တွေ ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တွေ ကျူးလွန်ဖို့ နည်းလမ်းတွေ ဖွေရှာ နေကြသူတွေ ဖြစ်တယ် ဆိုပြီး မစ္စတာ ကင်မရွန် က ပြော။

ဆီးရီယား နိုင်ငံထဲမှာ လူမဲ့ ဒရုန်းယာဉ်ပျံ သုံးပြီး ပြီးခဲ့တဲ့ လတုန်းက ပြုလုပ်ခဲ့တဲ့ ဗြိတိန် နိုင်ငံရဲ့ လေကြောင်း တိုက်ခိုက်မှု ထဲ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ က တိုက်ခိုက်ရေး သမား ၃ ဦး သေဆုံး သွားခဲ့တယ် ဆိုပြီး ဗြိတိန် က ကြေညာပါတယ်။

ဒါဟာ ဆီးရီးယားထဲ မှာ ပထမဆုံး အကြိမ် ဗြိတိန်က တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆီးရီးယား နိုင်ငံထဲမှာ စစ်ရေးအရ အရေးယူ ဆောင်ရွက် တာဟာ မိမိကိုယ်ကိုယ် ခုခံ ကာကွယ် တဲ့ အနေနဲ့ လုပ်ဆောင် ရတာ ဖြစ်ပြီး အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ် တွေ က ပြုလုပ်နေတဲ့ စစ်ရေး ဆောင်ရွက်ချက် တွေရဲ့ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ ပြုလုပ် ခဲ့တာ မဟုတ်ဘူး ဆိုပြီး ဗြိတိန် ပါလီမန် ကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ပြောခဲ့ ပါတယ်။

အဲဒီ့ ဒရုန်း တိုက်ခိုက်မှုဟာ ဗြိတိန် နိုင်ငံသား IS လက်နက်ကိုင် တစ်ယောက် ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး၊ ပစ်မှတ်ထားသူနဲ့ အတူ ခရီးသွား နေတဲ့ ဗြိတိန် နိုင်ငံသား IS အဖွဲဝင် နောက်တစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံး ခဲ့ပါတယ်။

သေဆုံးခဲ့သူ ဗြိတိန် နိုင်ငံသား ၂ ဦး ဖြစ်ကြတဲ့ ဂျနိုက်ဟူစိန် နဲ့ ရီယတ်ခန်း ဆိုသူတို့ဟာ ဗြိတိန် အပါအဝင် အနောက် နိုင်ငံ တွေ ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တွေ ကျူးလွန်ဖို့ နည်းလမ်းတွေ ဖွေရှာ နေကြသူတွေ ဖြစ်တယ် ဆိုပြီး မစ္စတာ ကင်မရွန် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ