၂၀၀၆ မွမ်ဘိုင်း ဗုံးခွဲမှု၊ ၁၂ ဦး အပြစ်ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ဆက်တိုက် ဗုံးခွဲမှုတွေကြောင့် ၁၈၉ ယောက် သေဆုံး ခဲ့ပြီး ၈၀၀ ကျော် ဒဏ်ရာရခဲ့။

အိန္ဒိယ နိုင်ငံမှာ ၂၀၀၆ ခုနှစ်က မွမ်ဘိုင်းမြို့ ရထားလမ်းတွေကို ဗုံးခွဲ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၂ ဦး ကို အပြစ်ရှိကြောင်း တရားရုံး တစ်ခုက ဆုံးဖြတ် လိုက်ပါတယ်။

အဲဒီ အမျိုးသား ၁၂ ယောက်ကို နိုင်ငံတော် ပုန်ကန်မှု၊ ကြိုတင်ကြံစည်ပြီး လူသတ်မှု စတာတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ် ခဲ့တာပါ။ တစ်ယောက်ကိုတော့ တရားသေ လွှတ်ပေး လိုက်ပါတယ်။

၂၀၀၆ ခုနှစ် ဇူလိုင် ၁၁ ရက်က မွမ်ဘိုင်းမြို့မှာ ညနေပိုင်း လူစည်ကားချိန် ဖြစ်ပွားခဲ့တဲ့ ၇ ကြိမ် ဆက်တိုက် ဗုံးခွဲမှုတွေကြောင့် လူ ၁၈၉ ယောက် သေဆုံး ခဲ့ရပြီး အယောက် ၈၀၀ ကျော် ဒဏ်ရာ ရခဲ့ကြပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ပါကစ္စတန် နိုင်ငံက ထောက်ပံ့ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ လက်ချက် ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပြီး၊ ပါကစ္စတန် ဘက်ကတော့ စွပ်စွဲချက်ကို ငြင်းဆို ခဲ့ပါတယ်။

ပြစ်ဒဏ်တွေကိုတော့ တနင်္လာနေ့မှာ ချမှတ်မှာ ဖြစ်ပြီး သေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်တွေ ချမှတ်ဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ