ဆီးရီးယားမှာ ကုလတပ် ချထားပေးဖို့ OIC တောင်းဆို

_syria-refugees-camps_
Image caption အစ္စလာမ် နိုင်ငံတွေ အားလုံး အနေနဲ့ ဆီးရီးယား ဒုက္ခသည် တွေ ကို လက်ခံ ပေးသင့်တယ် လို့ OIC ပြော။

ဆီးရီးယား နိုင်ငံထဲ မှာ ကုလသမဂ္ဂရဲ့ ငြိမ်းရေး ထိန်းသိမ်းရေး တပ်တွေ ကို အရေးပေါ် ချထားပေးဖို့ လုံခြုံရေး ကောင်စီ ကို အစ္စလာမ် နိုင်ငံတွေ အကြား ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC က တောင်းဆို လိုက်ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံ ဂျက်ဒါ မြို့တော် မှာ ပြုလပ်ခဲ့တဲ့ အရေးပေါ် အစည်းအဝေး မှာ ကုလသမဂ္ဂ ရဲ့ တပ်တွေ ချထားခြင်း အားဖြင့် ဆီးရီးယား ပြည်တွင်းရေး ကို တည်ငြိမ် စေမှာ ဖြစ်သလို အဲဒီ့ကနေ ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် ထွက်ခွာ နေတာ ကိုလည်း လျော့ကျ သွားစေနိုင်တယ် လို့ OIC အဖွဲ့က ပြောပါတယ်။

အစ္စလာမ် ဘာသာတရား ရဲ့ အဆုံးအမ နဲ့အညီ ဂရုဏာတရား ကို ပြသကြဖို့ အစ္စလာမ် နိုင်ငံတွေ အားလုံး အနေနဲ့ ဆီးရီးယား ဒုက္ခသည် တွေ ကို လက်ခံ ပေးသင့်တယ် လို့လည်း OIC က ဆိုပါတယ်။

ဒါပေမယ့် OIC အဖွဲ့ဝင် ၅၇ နိုင်ငံထဲ က ထက်ဝက်ကျော် ဟာ ဒုက္ခသည် တွေ ကို အကာအကွယ်ပြု ဖို့ ကုလသမဂ္ဂ ရဲ့ ပဋိညာဉ် ထဲမှာ ပါဝင် လက်မှတ်ရေးထိုး ထားသူတွေ မဟုတ်တဲ့ အချက် အပေါ် မျာလည်း OIC အနေနဲ့ သိရှိ ပါကြောင်း လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ