နည်းပညာကြောင့် အကြမ်းဖက် အန္တရာယ် ပိုတိုးလာ

ဓာတ်ပုံ မူပိုင် PA
Image caption ပြီးခဲ့တဲ့ နှစ်အတွင်း အကြမ်းဖက်မှု ၆ ခုကို တားဆီး နိုင်ခဲ့တယ်လို့ မစ္စတာ အန်ဒရူး ပါကာက ပြော

တိုးတက် ပြောင်းလဲလာတဲ့ နည်းပညာ တွေကြောင့် အကြမ်းဖက်မှု အန္တရာယ်တွေ ပိုမို တိုးပွား လာတယ်လို့ ဗြိတိန် နိုင်ငံ၊ ပြည်တွင်း လုံခြုံရေး ထောက်လှမ်းရေး အဖွဲ့ MI5 ရဲ့ အကြီးအကဲ Andrew Parker က သတိပေး လိုက်ပါတယ်။

အကြမ်းဖက်သမား တွေဟာ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်ရာမှာ အာဏာပိုင်တွေ လက်လှမ်း မမီနိုင်အောင် အဲဒီ တိုးတက်တဲ့ နည်းပညာတွေကို သုံးနေကြတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြိုးစားမှု ၆ ခုကို တားဆီး နိုင်ခဲ့ပြီး ပိုတိုးလာတဲ့ အန္တရာယ်တွေက ဆီးရီးယား နိုင်ငံနဲ့ အဓိက ဆက်စပ်တယ် လို့လည်း မစ္စတာ Parker က ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေးအဖွဲ့တွေ အနေနဲ့ အရေးကြီးတဲ့ သတင်း အချက်အလက် တွေကို ရယူနိုင်ဖို့ လိုအပ်တယ် လို့လည်း သူက ဆိုပြီး၊ ဗြိတိန် နိုင်ငံ အတွင်း စောင့်ကြည့် ထောက်လှမ်းခွင့် ပိုမို ရရှိစေမယ့် ဥပဒေသစ်တွေ ကျင့်သုံးဖို့ အစီအစဉ်တွေကို ထောက်ခံကြောင်းလည်း MI5 အကြီးအကဲက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ