ဂ​ရိ​ရွေး​ကောက်​ပွဲ လက်ဝဲ​ပါ​တီ ဆ​ရီ​ဇာ အနိုင်ရ

syriza_greece
Image caption ဆရီဇာ အနေနဲ့ နောက်ထပ် သက်တမ်း ၄ နှစ် လုပ်ပိုင်ခွင့် ရရှိလာပြီ။

ဂရိနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အလက်ဆီ ဆီးပရပ်စ် ဦးဆောင်တဲ့ လက်ဝဲပါတီ ဆရီဇာ က အနိုင်ရရှိ သွားပြီ ဖြစ်ပါတယ်။

အောင်ပွဲခံနေတဲ့ ပါတီ ထောက်ခံသူတွေ ကို ပြောခဲ့တဲ့ မစ္စတာ ဆီးပရပ်စ်ရဲ့ မိန့်ခွန်းထဲမှာ ရှေ့လျှောက် ခက်ခဲ ကြမ်းတမ်းမှု တွေ၊ ကြိုးစား ရုန်းကန် ရမှာတွေ ဆီးကြို နေမှာ ဖြစ်ပေမယ့် ဂရိနိုင်ငံကို အတိတ် သမိုင်းကြောင်းထဲ နွံနစ် နေစေတဲ့ အရာတွေကို ဖယ်ရှား ပစ်နိုင်ဖို့ရာ ဆရီဇာ အနေနဲ့ နောက်ထပ် သက်တမ်း ၄ နှစ် လုပ်ပိုင်ခွင့် ရရှိလာပြီ ဖြစ်တယ် လို့ ပါဝင်ပါတယ်။

ဒါပေမယ့် ဆရီဇာ အနေနဲ့ တပါတီတည်း အစိုးရ ဖွဲ့ နိုင်လောက်အောင် မဲသာမှုမျိုး ရဖို့တော့ အနည်းငယ် လို အပ် ခဲ့ပါတယ်။

ဒါ့ကြောင့် မစ္စတာ ဆီးပရပ်စ် အနေနဲ့ ညွန့်ပေါင်း အစိုးရ တစ်ရပ် ကို ဦးဆောင် ဖွဲ့ရဖို့ ဖြစ်လာပြီး လွတ်လပ်သော ဂရိလူမျိုးများ ပါတီရဲ့ ခေါင်းဆောင် က ပူးပေါင်း ပါဝင်မယ် လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ