ဘာကီနာဖာဆိုမှာ အရပ်သားဆီ အာဏာပြန်လွှဲပေးမယ် ပြော

gilbert_diendere ဓာတ်ပုံ မူပိုင်
Image caption သွေးထွက် သံယိုမှု တွေ ထပ်မံ မဖြစ်လိုတော့ဘူး ဆိုပြီး ဗိုလ်ချုပ်ကြီး Diendere ဆို။

အနောက်အာဖရိက ဒေသက ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်တဲ့ ဘာကီနာဖာဆို မှာ ပြီးခဲ့တဲ့ ကြာသာပတေး နေ့က အာဏာသိမ်းခဲ့တဲ့ သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့ အကြီး အကဲ စစ်ဗိုလ်ချုပ် Gilbert က ကြားဝင် ညှိနှိုင်း ပေးနေတဲ့ ဒေသတွင်း နိုင်ငံတွေ က အကြံပြု ထားသလို သူ့အနေနဲ့ အရပ်သား အစိုးရကို အာဏာ ပြန်လွှဲပေးဖို့ အသင့် ရှိနေပြီလို့ ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည်တွင်း သွေးထွက် သံယိုမှု တွေ ထပ်မံ မဖြစ်ပွားလိုတော့ဘူး ဆိုပြီး တော့လည်း ဗိုလ်ချုပ်ကြီး Diendere ရဲ့ ထုတ်ပြန် ချက် ထဲမှာ ပါဝင်ပါတယ်။

ဘာကီနာဖာဆို နိုင်ငံရဲ့ အမြဲတမ်း စစ်တပ် အဖွဲ့တွေဟာ မြို့တော် ဝါဂဒူဂူး ရှိရာဆီကို ချည်းကပ်လာ နေတုန်းမှာပဲ အာဏာသိမ်း ခေါင်းဆောင် သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့ အကြီး အကဲ ဆီက အခုလို ကြေညာချက် ထွက်ပေါ် လာခဲ့တာပါ။

အာဏာသိမ်း သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့သာ လက်နက်ချ မယ် ဆိုရင် လုံခြုံရေးကို အာမခံတယ် ဆိုပြီး ဘာကီနာဖာဆို နိုင်ငံရဲ့ အမြဲတမ်း စစ်တပ် က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ