အယ်လ်ဂျာဇီးယား သတင်းထောက်၂ ဦး လွတ်ငြိမ်းခွင့်ရ

ဓာတ်ပုံ မူပိုင် AP
Image caption Mohammed Fahmy နဲ့ Baher Mohamed တို့ လွတ်ငြိမ်းခွင့်ရ

အီဂျစ် နိုင်ငံမှာ သတင်းမှားတွေ ထုတ်လွှင့်မှု စွဲချက်နဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အယ်လ်ဂျာဇီးယား ရုပ်သံ သတင်းထောက် ၃ ဦး အနက် ၂ ဦးကို အီဂျစ် သမ္မတ အယ်လ် စီစီက လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။

လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးမယ့် လူ အယောက် ၁၀၀ စာရင်းထဲမှာ အယ်လ်ဂျာဇီးယား သတင်းထောက်တွေ ဖြစ်တဲ့ ကနေဒါ နိုင်ငံသား Mohammed Fahmy နဲ့ အီဂျစ် နိုင်ငံသား Baher Mohamed တို့ နှစ်ဦး ပါဝင်တယ်လို့ သမ္မတ ပြောခွင့်ရသူက ပြောပါတယ်။

သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ သြစတြေးလျ နိုင်ငံသား Peter Greste ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လွတ်မြောက်ခဲ့ပြီး နယ်နှင်ဒဏ် ခံခဲ့ရပါတယ်။

သူတို့ ၃ ယောက်လုံးဟာ အကြမ်းဖက်မှုကို အားပေးတဲ့ သတင်းတွေ ထုတ်လွှင့်တယ် ဆိုတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ် ခံထားရတာပါ။

သူတို့ကို ထောင်ချခဲ့တဲ့ ကိစ္စကြောင့် ကမ္ဘာအနှံ့မှာ သတင်း လွတ်လပ်ခွင့် လှုပ်ရှားမှုတွေကို ပေါ်ပေါက် လာစေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ