ဂျပန်တောင်တက်သမား ဧဝရက်တောင်ထိပ်ရောက်

japan climber ဓာတ်ပုံ မူပိုင် Reuters
Image caption ႏိုရီကာဇူ ကူရီကီ

လက်ချောင်း၉ချောင်းပြတ်နေတဲ့ဂျပန် တောင်တက်သမားတစ်ယောက်ဟာ နီပေါလ်နိုင်ငံ ဧဝရက်တောင်ထိပ် အမြင့်ဆုံးပိုင်းကို ရောက်လုနီးနေပါပြီ။

ဂျပန် တောင်တက်သမား နိုဘူကာဇူ ကူရီကီဟာ ၂၀၁၂တုန်းက ဧဝရက် တောင်ကို တက်ရင်းနဲ့ ရေခဲဒဏ်ကြောင့်လက်ချောင်း ကိုးချောင်း ဖြတ်ထားရပြီး နီပေါလ်နိုင်ငံ မြေငလျင်အပြီးမှာ ဧဝရက် တောင်ကို ပထမဆုံး ပြန်လည် တက်ရောက်သူ ဖြစ်လာပါတယ်။ ဒီ တစ်ည အနားယူပြီးမှာ နောက်ဆုံး အဆင့်ကို ဆက်လက် တက်ရောက်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ သူဟာ မီတာ၈ ထောင်အမြင့်မှာ ရောက် ရှိနေပါတယ်။ အခုလို ရာသီဥတု ခန့်မှန်းရ ခက်ခဲတဲ့ ဆောင်းရာသီမှာ ဘာလို့ တက်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် သူသာ အောင်မြင်ခဲ့မယ် ဆိုရင် နီပေါလ် ငလျင် အပြီးမှာ နိုင်ငံ ခရီးသွား လုပ်ငန်းနဲ့ ဧဝရက်တောင် တက်တဲ့ လုပ်ငန်းတွေ ပြန်လည် ဖွံ့ဖြိုးလာ နိုင်တယ်ဆိုတဲ့ မျှော်လင့် ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။