ရှေးဟောင်းအဆောက်အဦဖျက်လို့ICCမှာရုံးတင်

ဓာတ်ပုံ မူပိုင် AP
Image caption Timbuktu ရှေးဟောင်း အဆောက်အဦ

မာလီ နိုင်ငံ တင်ဘူတူး မြို့ က အစ္စလာမ်မစ် စစ်သွေးကြွ တစ်ယောက်ကို သမိုင်းဝင် ရှေးဟောင်း ဘုရားကျောင်း တစ်ခုကို ဖျက်ဆီးခဲ့တဲ့ အတွက် စစ်ဆေးဖို့ နိုင်ငံတကာ တရား ရုံးကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။

အာမက် အယ်လ် မာဒီ အယ်လ် ဖာဂီ ကို ၂၀၁၂ ခုနှစ် အတွင်းမှာ တင်ဘူတူး မြို့က ရှေးဟောင်း သမိုင်းဝင် ဂူဗိမာန် တစ်ခုကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပြီး နိုင်ငံတကာ တရားရုံးမှာ စစ်ဆေး အရေးယူမှာ ဖြစ်တယ်လို့ တရားလို ရှေ့နေ တစ်ဦး ဖြစ်သူ ဖာတာ ဘန်ဆိုဒါ က ပြောပါတယ်။

တရားခံကို ဒီကနေ့ မနက်မှာ မှာ နိုင်ငံတကာ တရားရုံးရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်ခဲ့ပါတယ်။ ဒီလို အမှုကို နိုင်ငံတကာ တရားရုံးမှာ စီရင်မှုကို ကြိုဆိုပါတယ်။ ပြီးတော့ ဒါဟာ ရာဇဝတ်မှု ကျူးလွန်ပြီး လွတ်မြောက်နေတဲ့ တရားခံတွေကို တရားခွင်ကို ပို့ရမှာပါ။ မာလီ နိုင်ငံကတင် မဟုတ်ပဲ ဆာဟာရ ကန္တာရ အတွင်းက ကျူးလွန်ခံ ရသူတွေရဲ့ အောင်ပွဲလို့ ဆက်ပြောပါတယ်။

ဒီ အမှုဟာ ရှေးဟောင်း သမိုင်းဝင် အဆောက်အဦးတွေကို ဖျက်ဆီး ခဲ့ပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် ပထမဆုံး နိုင်ငံတကာ တရားရုံးကို တင်တာ ဖြစ်ပါတယ်။ ဆာဟာရ ကန္တာရ ထဲမှာ ရှိတဲ့ တင်ဘူတူး မြို့ဟာ ယူနက်စကို က အသိအမှတ် ပြုထားတဲ့ ရှေးဟောင်း မြို့တော် တစ်ခုလည်း ဖြစ်ပါတယ်။