ဘာရိန်းမှာ ဖေါက်ခွဲပစ္စည်း အများအပြား သိမ်းဆည်းမိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာရိန်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ရှီအာ လူများစုက တောင်းဆိုနေ

ဘာရိန်း ပင်လယ်ကွေ့နိုင်ငံ မာနားမား မြို့တော်နားက ရွာတရွာမှာ ဖေါက်ခွဲ ပစ္စည်းတွေ အစုလိုက်အပြုံလိုက် ရှာဖွေ တွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဖေါက်ခွဲပစ္စည်း တတန်ခွဲ နီးပါးလောက်ကို မောင်းပြန် သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ အတူ မြေတိုက်ခန်းတခုထဲမှာ ဖွက်ထားတာလို့ ရဲတွေက ပြောပါတယ်။

အီရန် အစိုးရနဲ့ ဆက်နွယ် ပတ်သက်နေသူတွေလို့ ဆိုတဲ့ လူအတော်များများကို ထိန်းသိမ်းလိုက်ပါတယ်။

အာရပ် နွေဦး ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့ ၄နှစ်လောက်က စလို့ ဘာရိန်းနိုင်ငံမှာ ပုန်ကန် ထကြွမှုတွေ တဖြည်းဖြည်းပေါ်ထွက်လာခဲ့ပါတယ်။

ဆွန်နီတွေ အုပ်ချုပ်တဲ့ ဘာရိန်းနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ရှီအာ လူများစုက တောင်းဆို နေပါတယ်။