အိန္ဒိယ ကျားသစ်တစ်ကောင် ခေါင်းမှာ အိုးစွပ်မိ

ဓာတ်ပုံ မူပိုင် AP
Image caption ခေါင်းမှာ အိုးစွပ်လျက်သား ၅ နာရီကြာ နေခဲ့ရ။

အိန္ဒိယ မြောက်ပိုင်း၊ ရာဂျာစတန် ပြည်နယ်က ကျေးရွာ တစ်ရွာမှာ ကျားသစ် တစ်ကောင်ဟာ သတ္တုအိုး တစ်လုံး ခေါင်းမှာ စွပ်လျက် ၅ နာရီကြာ နေခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ ကျားသစ် အထီးဟာ ရေရှာ ထွက်ရင်းက အခုလို ခေါင်းမှာ ရေအိုး စွပ်မိပြီး ပြန်မထုတ်နိုင်ဘဲ ဖြစ်ခဲ့ရတာလို့ ဒေသခံတွေက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီ ကျားသစ်ကို ဒေသခံတွေက ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကြတဲ့အတွက် ခေါင်းမှာ အိုးစွပ်လျက်သား အလန့်တကြား လျှောက်သွား နေခဲ့ပါတယ်။

အဲဒီနောက် တောရိုင်း အရာရှိတွေက ကျားသစ်ကို မေ့ဆေး ပေးပြီး အိုးကို လွှနဲ့ ခွဲထုတ် ဖယ်ရှား ပေးခဲ့ပါတယ်။

နောက်ဆုံး စစ်တမ်းတွေ အရ အိန္ဒိယမှာ ကျားသစ် ကောင်ရေ စုစုပေါင်း ၁ သောင်း ၂ ထောင် ကနေ ၁ သောင်း ၄ ထောင် အထိ ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ