ယူကရိန်းအရေး ပဲရစ်မြို့တော်မှာ ဆွေးနွေး

paris_talk
Image caption ရုရှား လိုလားတဲ့ လက်နက်ကိုင် တွေ ဘက်က အခုလထဲ ကျင်းပဖို့ စီစဉ် ထားတဲ့ ရွေးကောက်ပွဲ ကိုတော့ နောက်နှစ် အထိ ရွှေ့ဆိုင်းသင့်တယ်။

ယူကရိန်း အရှေ့ဘက်ပိုင်း မှာ မတင်မကျ ဖြစ်နေတဲ့ အခြေ အနေ တွေ နဲ့ ပတ်သက်ပြီး ပြင်သစ်၊ ရုရှား နဲ့ ဂျာမနီ နိုင်ငံတွေ က ခေါင်းဆောင် တွေ ပဲရစ် မြို့တော် မှာ ဆွေးနွေး ခဲ့ကြ တာမှာ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှင်ကို လည်း ပူးပေါင်း ပါဝင် လာပြီ ဖြစ်ပါတယ်။

ယူကရိန် အရှေ့ဘက်ခြမ်း မှာ ယူကရိန်း အစိုးရ တပ်နဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး သမား တွေ ကြား အပစ်ရပ် သဘောတူမှု ကို ၂ ဘက် စလုံး က ကျယ်ကျယ် ပြန့်ပြန့် လိုက်နာ နေကြ ပေမယ့်၊ ရုရှား လိုလားတဲ့ လက်နက်ကိုင် တွေ ဘက်က အခုလထဲ ကျင်းပဖို့ စီစဉ် ထားတဲ့ ရွေးကောက်ပွဲ ကိုတော့ နောက်နှစ် အထိ ရွှေ့ဆိုင်းသင့်တယ် ဆိုပြီး ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် နဲ့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် တို့ က ဆိုပါတယ်။

အစောပိုင်းတုန်း က တော့ ရုရှား သမ္မတ ပူတင် က ဆီးရီးယား အရေး နဲ့ ပတ်သက်ပြီး ပဲရစ်မြို့ အစည်းအဝေး အတွင်းမှာ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင် တွေ ကို ပြောကြားခဲ့ ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ ရော၊ ရုရှား ကပါ ဆီးရီးယား နိုင်ငံထဲ လေကြောင်း တိုက်ခိုက် မှု တွေ ပြုလုပ် နေတာ တွေ အပါအဝင် ဆီးရီးယား အရပ်သားတွေ ကို အကာအကွယ် ပြုဖို့ အကြောင်း နဲ့ အတူ ဆီးရီးယား သမ္မတ အာဆတ် အပေါ် ထားရှိတဲ့ အမေရိကန် နဲ့ ရုရှား တို့ရဲ့ မတူညီ တဲ့ သဘောထားတွေ ကို ကျော်လွန် ကြဖို့ ပဲရစ် မြို့တော် အစည်းအဝေး မှာ ဆွေးနွေး ခဲ့ကြတယ် လို့ ပြင်သစ် ထိပ်တန်း သံတမန် တစ်ဦး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ