ခွန်ဒုစ်ဆေးရုံရှိတဲ့ နယ်မြေမှာ ဗုံးကြဲခဲ့ကြောင်း အမေရိကန်ပြော။

_msf_kunduz
Image caption သူပုန် တွေ ကို ပစ်မှတ် ထား တိုက်ခိုက် ခဲ့တာ ဖြစ်ပေမယ့် မမျှော်လင့်တဲ့ ထိခိုက်မှု မျိုး ဖြစ်နိုင်။

အာဖဂနစ္စတန် နိုင်ငံ ခွန်ဒုစ် မြို့ မှာ လူ ၁၉ သေဆုံး ခဲ့ရတဲ့ ဆေးရုံဗုံးကြဲ ခံခဲ့ရတာ နဲ့ ပတ်သက်ပြီး အဲဒီ့ ဆေးရုံ ရှိတဲ့ နယ်မြေ ကို လေကြောင်း တိုက်ခိုက် မှု ပြုလုပ် ခဲ့တယ် ဆိုတဲ့ အချက် အပေါ် အမေရိကန် စစ်ဘက်က အတည်ပြု ပြောကြား ပါတယ်။

သူပုန် တွေ ကို ပစ်မှတ် ထား တိုက်ခိုက် ခဲ့တာ ဖြစ်ပေမယ့် မမျှော်လင့်တဲ့ ထိခိုက်မှု မျိုး ဖြစ်နိုင် ခဲ့တယ် လို့ အာဖဂန်နစ္စတန် မှာ ရှိတဲ့ အမေရိကန် စစ်တပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ က ဆိုပါတယ်။

ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိတ်ဒ် ရအာ့ဒ် အယ်လ် ဟူစိန် ကတော့ အဲဒီ့လို ဆေးရုံကို ဗုံးကြဲ တိုက်ခိုက် တာမျိုး ဟာ ဘယ်လို ဆင်ခြေမျိုးမှာ ပေးလို့ မရနိုင်တဲ့ လုပ်ရပ် ဖြစ်ပြီး တကယ်လို့ ဆေးရုံမှန်း သိသိ ဗုံးကြဲ ခဲ့တယ် ဆိုရင် တော့ စစ် ရာဇဝတ်မှု မျိုး မြောက်တယ် လို့ ဝေဖန် လိုက် ပါတယ်။

ဗုံးကြဲ ခံခဲ့ရတဲ့ ဆေးရုံကို တာဝန်ယူ ဦးစီး လုပ်ဆောင် ပေးခဲ့တဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF ကလည်း အဲဒီ့ တိုက်ခိုက်မှု ဟာ နိုင်ငံတကာ ဥပဒေကို အကြီးအကျယ် ချိုးဖောက် တာပဲ ဆိုပြီး ပစ်တင် ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ