ဆီးရီးယား သမ္မတ အာဆတ် က သူတို့ကို ထောက်ခံဖို့ပြောကြား

syria ဓာတ်ပုံ မူပိုင် AP
Image caption ရုရှ က ဆီးရီးယား မှာ တိုက်ခိုက်မှု တခု

ဆီးရီးယား သမ္မတ ဘာရှား အယ်အာဆတ် က ဆီးရီးယား ၊ ရုရှ၊ အီရန်၊ အီရတ် ညွန့်ပေါင်း အဖွဲ့တွေ အောင်ပွဲရ မှ ဖြစ်မယ်၊ မရရင် ဒေသတခုလုံး ပျက်သုန်း သွားလိမ့်မယ် လို့ ပြောလိုက်ပါတယ်။

အီရန် တီဗွီ က မေးမြန်းခန်းမှာ သမ္မတ အာဆတ် က အခုလို ဖြေကြားခဲ့တာ ဖြစ်ပြီး အမေရိကန် က လေကြောင်းတိုက်ခိုက်မှုတွေ ဟာ အကျိုးထက် အပြစ် ပိုများတယ် လို့ လည်း ပြောပါတယ်။

ရုရှ က ဆီးရီးယား မှာ လေကြောင်း တိုက်ခိုက်တာတွေ ပိုလုပ်လာနေပြီး သူတို့ ကတော့ အိုင်အက်စ တွေ ကို ပစ်မှတ်ထား တိုက်ခိုက်တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် ဆီးရီးယားအစိုးရ ကို တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့တွေ ကို အဓိကထားပြီး ရုရှ က တိုက်ခိုက် နေတယ် လို့ ဆီးရီးယား အရေး လှုပ်ရှားတက်ကြွသူတွေ က ပြောနေပါတယ်။