ဆေးရုံကို ဗုံးကြဲရတဲ့အကြောင်း အမေရိကန် စကားမညီ

kunduz_hospital_attacked ဓာတ်ပုံ မူပိုင် AFP
Image caption အာဖဂန် အစိုးရ တပ်ဖွဲ့ ရဲ့ တောင်းဆိုမှု ကြောင့် ဗုံးကြဲ ခဲ့တာ ဖြစ်တယ် ဆိုပြီး အမေရိကန် စစ်တပ် က ပြောလာပြန်။

အာဖဂန်နစ္စတန် နိုင်ငံ ခွန်ဒုစ် မြို့က ဆေးရုံကို ဗုံးကြဲ ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်က စကား နောက် တမျိုး ပြောင်း ပြောလာပြန် ပါတယ်။

အမေရိကန် တွေကို အဲဒီ့ ဆေးရုံ ရှိတဲ့ အရပ် က နေ တာလီဘန် တွေ က ပစ်ခတ် ခဲ့တဲ့ အတွက် လေကြောင်း တိုက်ခိုက်မှု ပြုလုပ် ခဲ့တာ လို့ ပြောနေရာ က အခုတော့ တာလီဘန် တွေ ရဲ့ ပစ်ခတ်တာ ခံနေတဲ့ အာဖဂန် အစိုးရ တပ်ဖွဲ့ ရဲ့ တောင်းဆိုမှု ကြောင့် ဗုံးကြဲ ခဲ့တာ ဖြစ်တယ် ဆိုပြီး အမေရိကန် စစ်တပ် က ဆိုလာ ပါတယ်။

အမေရိကန်ရဲ့ ဗုံးကြဲမှု ကြောင့် ခွန်ဒုစ် ဆေးရုံက ဝန်ထမ်းနဲ့ လူနာ စုစုပေါင်း ၂၂ ဦး သေဆုံး ခဲ့ရပြီး အာဖဂန်နစ္စတန် မှာ ထားရှိ တဲ့ အမေရိကန် စစ်တပ် ရဲ့ တပ်မှုးချုပ် ဗိုလ်ချုပ်ကြီး ဂျွန် ကင်းမ်ဘဲလ် က အရပ်သား တွေ ကို ရည်ရွယ် မထားပဲ ထိမှန် ခဲ့ရတယ် ဆိုပြီး ဝန်ခံ ထားပါတယ်။

အခုလို မတူညီ တဲ့ အကြောင်းပြချက် တွေ ပေါ်ထွက် လာတာ ကို ကြည့်ရင် ဒီ စစ်ရာဇဝတ်မှု အပေါ် လွတ်လပ် တဲ့ စုံစမ်း စစ်ဆေးမှု ပြုလုပ်ဖို့ အရေးတကြီး လိုအပ် ကြောင်း ပြသ နေတယ် လို့ ဗုံးကြဲ ခံရတဲ့ ဆေးရုံ ကို ဦးစီး လုပ်ဆောင် ပေးနေတဲ့ နယ်စည်းမခြား ဆရာဝန် များ အသင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ