ရုရှားလေယာဉ်ကို တူရကီ ကြားဖြတ် ဟန့်တားခဲ့ရ

ဓာတ်ပုံ မူပိုင် AP

ပြီးခဲ့တဲ့ စနေနေ့က တူရကီ လေပိုင်နက် အတွင်း ရုရှား တိုက်လေယာဉ် တစ်စီး ဝင်ရောက် လာတဲ့အတွက် တူရကီရဲ့ အက်ဖ် ၁၆ တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက် ခဲ့ရတယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှား ကတော့ သူတို့ လေယာဉ်ဟာ လမ်းကြောင်းမှားပြီး ဝင်လာတာ ဖြစ်ကြောင်း၊ တူရကီ အစိုးရကိုလည်း ရှင်းလင်း ပြောဆိုပြီး ဖြစ်ကြောင်း ပြောပါတယ်။

ရုရှား နိုင်ငံဟာ ဆီးရီးယား သမ္မတ အာဆတ်ကို ကူညီပြီး ဆီးရီးယား နိုင်ငံအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ် နေတာပါ။

နေတိုး အဖွဲ့ဝင် ဖြစ်တဲ့ တူရကီက ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အကြီးအကျယ် မှားယွင်းမှု ဖြစ်တယ်လို့ ပြောဆို ထားပါတယ်။

နေတိုး အဖွဲ့ဝင် ၂၈ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေဟာလည်း တူရကီထဲကို ရုရှား လေယာဉ် ကျူးကျော် ဝင်ရောက် လာတာနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ