ဂါ​ဇာ​အနီး တင်းမာ​မှု​တွေ ဆက်လက်​မြ​င့်တက်

_palestinos_israel_ ဓာတ်ပုံ မူပိုင် AP
Image caption ခန်းယူနစ် ဆိုတဲ့ မြို့ အနား မှာ ၁၅ နှစ် နဲ့ ၁၃ နှစ် အရွယ် ပါလက်စတိုင်း လူငယ် ၂ ဦး သေဆုံး ခဲ့ရတာ ဖြစ်တယ်။

ဂါဇာ ကမ်းမြှောင် ဒေသနဲ့ နယ်စပ်အနီး အစ္စရေး လုံခြုံရေး တပ်ဖွဲ့နဲ့ ပါလက်စတိုင်း ဆန္ဒပြ သမားတွေ အကြား သွေးထွက် သံယို အကြမ်းဖက် ဖြစ်ရပ် တွေ ဆက်လက် ဖြစ်ပေါ် နေတာ မှာ အစ္စရေး တပ်က ပစ်ခတ်လို့ ပါလက်စတိုင်း လူငယ် ၂ ဦး သေဆုံး ခဲ့ပါတယ်။

ခန်းယူနစ် ဆိုတဲ့ မြို့ အနား မှာ ၁၅ နှစ် နဲ့ ၁၃ နှစ် အရွယ် လူငယ် ၂ ဦး သေဆုံး ခဲ့ရတာ ဖြစ်တယ်လို့ ကျန်းမာရေး ဌာန က တာဝန် ရှိသူတွေ က ပြောပါတယ်။

ဂျေရူဆလင်မ် မြို့တော် မှာလည်း ဓားနဲ့ တိုက်ခိုက်မှု ၂ ကြိမ် ဖြစ်ခဲ့လို့ အစ္စရေး အများအပြား ဒဏ်ရာရ သွားပါတယ်။

မြို့ဟောင်း ရှိရာဆီ ဝင်ပေါက် တစ်ခု ဖြစ်တဲ့ ဒမတ်စ္စကတ်စ် ဂိတ် အနီး အခုလို တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်သူ တွေကို အသေ ပစ်ခတ် ဖမ်းဆီး ခဲ့တယ် လို့ အစ္စရေး ရဲတပ်ဖွဲ့ က ဆိုပါတယ်။

အခုဆိုရင် အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နာတန်ယာဟု က ရဲ အရံ အင်အား ရာ ပေါင်းများစွာ ကို နေရာ ချထားဖို့ အမိန့် ထုတ် ထားပါတယ်။