ဓါးနဲ့၀င်ထိုးသူကို စိတ်ကျန်းမာရေး စစ်ကြည့်မယ်

cologne
Image caption ကျူးလွန်သူဟာ လူမျိုးရေးစိတ် အရင်းခံ နဲ့ တိုက်ခိုက် ခဲ့တာ ဖြစ်

ဂျာမနီ နိုင်ငံ ကိုလုံး မြို့ မြို့တော်ဝန် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသမီး ဟဲန်နရေးတား ရေးကား ဟာ ဓားနဲ့ အတိုက် အခိုက် ခံခဲ့ရပြီး ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရသွား ခဲ့တဲ့ နောက် ကျူးလွန်ခဲ့ သူ ကို စိတ် ကျန်းမာရေးပိုင်း ဆိုင်ရာ စမ်းသပ် စစ်ဆေး မှု တွေ ပြုလုပ် ဖို့ ရှိတယ် လို့ ဂျာမနီ ရဲတပ်ဖွဲ့ က ပြောပါတယ်။

ပြီး သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေ ကို လက်ခံ ခဲ့တဲ့ ဂျာမနီ အစိုးရ ရဲ့ မူဝါဒ အပေါ် မကျေနပ်သူ တစ်ဦး ဖြစ်တယ် လို့ ဂျာမနီ အာဏာပိုင် တွေ က ဆိုပါတယ်။

မစ္စ ဟဲန်နရေးတား ရေးကား ဟာလည်း ကိုလုံမြို့ ကို ရောက်လာတဲ့ ရွှေ့ပြောင်းသူတွေ အတွက် နေရာထိုင်ခင်း တွေ အဆင်ပြေ အောင် လုပ်ဆောင် ပေးခဲ့သူ ဖြစ်ပါတယ်။

တိုက်ခိုက်မှု အတွင်း စုစုပေါင်း ၄ ဦး ဒဏ်ရာ ရသွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ