ဒုက္ခသည် အရေးဆွေးနွေးဖို့ ဂျာမနီ ဝန်ကြီးချုပ် တူရကီရောက်

ဓာတ်ပုံ မူပိုင် bbc
Image caption ဂျာမနီ ဝန်းကြီးချုပ် အန်ဂလာ မာကယ် နဲ့ တူရကီ ဝန်ကြီးချုပ် အာမက် ဒေဗိုတော်လူး

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကယ် ဟာ ရွှေ့ပြောင်း ဒုက္ခသည်များ အရေး ဆွေးနွေးဖို့ အတွက် တူရကီ နိုင်ငံကို ရောက်ရှိနေပါတယ်။

တူရကီ နိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ် တို့နဲ့ တွေ့ဆုံ ပြီး လက်ရှိ ဥရောပ နိုင်ငံ အတွင်းကို ဝင်ရောက် နေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်များ အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အတွင်းကို ဝင်ရောက် လာကြတဲ့ ရွှေ့ပြောင်း ဒုက္ခသည်များ အရေးနဲ့ ပါတ်သက်ပြီး မစ္စ မာကယ် က တူရကီ နိုင်ငံကို ပိုမို တိုးမြှင့် လုပ်ဆောင်စေချင် နေပါတယ်။

အပြန်အလှန် ကူညီချက် အနေနဲ့ တူရကီ နိုင်ငံကို ဥရောပ သမဂ္ဂ က ငွေကြေး ထောက်ပံ့ခြင်းနဲ့ တူရကီ နိုင်ငံသားတွေ ဥရောပ နိုင်ငံအတွင်း ဗီဇာ ကင်းလွတ်ခွင့်တွေ ဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တူရကီ က ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဖြစ်ရေး တောင်းဆိုမှုကို ငြင်းပယ် ခဲ့တဲ့ မစ္စ မာကယ် အနေနဲ့ တူရကီ နိုင်ငံနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ ခက်ခဲ တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဘာလင် မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ