ဆီးရီးယား သမ္မတ မမျှော်လင့်ဘဲ မော်စကို သွားရောက်

ဓာတ်ပုံ မူပိုင် AP
Image caption ရုရှားရဲ့ စစ်ရေး အကူအညီအတွက် ကျေးဇူးတင်ကြောင်း သမ္မတ အာဆတ် ပြောခဲ့။

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ ဆီးရီးယား ပြည်တွင်းစစ် စတင်ခဲ့တဲ့ ၂၀၁၁ နောက်ပိုင်း ပထမဆုံး ပြည်ပ ခရီးအဖြစ် ရုရှား နိုင်ငံ မော်စကိုမြို့ကို သွားရောက် ခဲ့တယ်လို့ သိရပါတယ်။

ထင်မှတ် မထားဘဲ ရုတ်တရက် သွားရောက်ခဲ့တဲ့ အဲဒီ ခရီးစဉ် အတွင်း သမ္မတ အာဆတ်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

သမ္မတ အာဆတ်က ရုရှားရဲ့ စစ်ရေး အကူအညီသာ မရခဲ့ရင် သူ့အဆို ဆီးရီးယားမှာ အကြမ်းဖက်မှု အန္တရာယ်ကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံအတွင်း သမ္မတ အာဆတ် အစိုးရကို တိုက်ခိုက်နေတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေနဲ့ တခြား စစ်သွေးကြွ အုပ်စုတွေကို ရုရှားက လေကြောင်း တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ လက ပြုလုပ်ခဲ့ပါတယ်။

သမ္မတ ပူတင်က ရုရှား အနေနဲ့ ဆီးရီးယားမှာ စစ်ရေး အကူအညီသာ မကဘဲ နိုင်ငံရေး အဖြေ တစ်ခု ရဖို့ပါ ကူညီ ပေးသွားမယ်လို့ သူတို့ နှစ်ဦး တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

ဆီးရီးယား သမ္မတ အာဆတ်က မော်စကိုကို အင်္ဂါနေ့ ညနေပိုင်းက သွားရောက်ခဲ့တာ ဖြစ်ပေမယ့် သူ့ခရီးစဉ် ပြီးဆုံးပြီး ဒမာ့စကတ် မြို့ကို ပြန်ရောက်ပြီးချိန် ဗုဒ္ဓဟူး နေ့ကျမှ သတင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ