ဆွီဒင် စာသင်ကျောင်း ဓားခုတ်မှု ၂ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ထပ် ကျောင်းသား တစ်ယောက်နဲ့ ဆရာ တစ်ယောက် ဒဏ်ရာ အပြင်းအထန် ရထား။

ဆွီဒင် နိုင်ငံမှာ စာသင်ကျောင်း တစ်ကျောင်းထဲကို မျက်နှာဖုံးစွပ်နဲ့ လူတစ်ယောက်က ဓားတစ်ချောင်းနဲ့ ဝင်ရောက် တိုက်ခိုက် ခဲ့လို့ ကျောင်းသား တစ်ယောက်နဲ့ ဆရာ တစ်ယောက် သေဆုံး သွားပါတယ်။

နောက်ထပ် ဆရာ တစ်ယောက်နဲ့ ကျောင်းသား တစ်ယောက် တို့လည်း ဒဏ်ရာတွေ အပြင်းအထန် ရထားတယ်လို့ သိရပါတယ်။

ကျောင်းဝင်းထဲကို ချိုးဖျက် ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့သူက အသက် ၂၀ ကျော် အရွယ် ဖြစ်ပြီး ရဲတွေက သူ့ကို ပစ်ခတ် ဖမ်းဆီး ခဲ့တဲ့အတွက် ဒဏ်ရာ အပြင်းအထန်နဲ့ ဖမ်းမိ ခဲ့ပါတယ်။

ဆွီဒင် ဝန်ကြီးချုပ် Stephen Löfvén ကတော့ ဒီနေ့ဟာ ဆွီဒင်အတွက် ကံဆိုးမိုးမှောင်ကျတဲ့ နေ့ပဲလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ