ကမ္ဘာ့​ဖလား အိမ်ရှင်​နေရာ​ကို မဲ​မ​ခွဲ​ခင် ကြို​ဆုံးဖြတ်​ခဲ့

_sepp_blatter_russia ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ရုရှား က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ခွင့်ရထား။

လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ရုရှား က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ခွင့်ရထားတာ နဲ့ ပတ်သက်ပြီး ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် FIFA ထဲမှာ မဲခွဲ မဆုံးဖြတ် ခင်ကတည်း က ကြိုတင် သဘောတူခဲ့တာ မျိုး ဖြစ်တယ် ဆိုပြီး FIFA ဥက္ကဌ အဖြစ် ကနေ ဆိုင်းငံ့ ခံထားရတဲ့ ဆတ်ဘလတ္တာ က ထုတ်ဖော် ပြောဆို လာပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရဲ့ အိမ်ရှင် အဖြစ် အမေရိကန် ကို ပေးဖို့ ဖြစ်ပေမယ့်လည်း ပြင်သစ် က ကြားဝင် ဟန့်တား ခဲ့လို့ မဲခွဲ ဆုံးဖြတ်တဲ့ အခါ ကာတာ နိုင်ငံက ရသွားတာ ဖြစ်တယ် လို့လည်း မစ္စတာ ဘလတ္တာ က ရုရှား သတင်းဌာန TASS နဲ့ တွေ့ဆုံ မေးမြန်းခန်း မှာ ပြောလာတာ ဖြစ်ပါတယ်။

FIFA အတွင်း ငွေကြေး မသမာမှု တွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲမှု တွေ ဟာ အခုလို ကမ္ဘာ့ ဖလား အိမ်ရှင် အဖြစ် အပ်နှင်း တဲ့ လုပ်ငန်း စဉ် မှာ အကျင့်ပျက် ခြစားမှု တွေ အဓိက ရှိနေတာ လို့ယူဆပြီး စုံစမ်း စစ်ဆေး ခံနေရတာ ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရဖို့ အင်္ဂ လန် ကလည်း ဒေါ်လာ သန်းပေါင်း များစွာ အကုန် ခံပြီး ဆော်ဩ လှုပ်ရှား ခဲ့တာ ဖြစ်ပါတယ်။

အခုလို မဲ မခွဲခင် ကတည်းက ရုရှား ကို ပေးဖို့ ဆုံးဖြတ် ခဲ့တယ် ဆိုတဲ့ သတင်း ထွက်ပေါ် လာတဲ့ နောက် အင်္ဂလန် ဘော်လုံး အဖွဲ့ချုပ် FA ရဲ့ အကြီးအကဲ Greg Dyke က ကုန်ခဲ့ရတဲ့ ငွေတွေ ကို ပြန်တောင်းဖို့ ဖြစ်ကောင်း ဖြစ်လာ နိုင်တယ် ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ