ဆီး​ရီး​ယား​အရေး အဖြေ​ရှာ​ဖို့ ဗီ​ယာ​နာ​မှာ တွေ့​ဆုံ​ကြမယ်

kerry_syria_vienna
Image caption အမေရိကန် ဝန်ကြီး ကယ်ရီ အနေနဲ့ ရုရှား၊ တူရကီ နဲ့ ဆော်ဒီ အာရေဗျ နိုင်ငံ တွေရဲ့ နိုင်ငံခြားရေး ဝန်ကြီး တွေ နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

ဆီးရီးနိုင်ငံ လက်နက်ကိုင် ပဋိပက္ခ ထဲ က အမျိုးမျိုး ကွဲပြားနေတဲ့ အဖွဲ့တွေ ရဲ့ နောက်ကွယ် ကနေ ကိုယ်စီ ကျောထောက် နောက်ခံ ပြုထား တဲ့ အဓိ က နိုင်ငံ တွေ ဟာ ဗီယာနာ မြို့တော် မှာ အသေးစိတ် ဆွေးနွေးမှု တွေ အောက်တိုဘာ ၃၀ ရက် သောကြာ နေ့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

ကြာသာပတေး နေ့က ပြုလုပ်ခဲ့တဲ့ တင်ကြို ဆွေးနွေးပွဲမှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဒ် ဂျာဗက်ဒ် ဇာရစ်ဖ် နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တို့ ၂ ဦး ဟာ ကိုယ်စီ မတူညီတဲ့ နိုင်ငံရေး ရပ်တည်မှု တွေကို ဘေးဖယ်ရင်း တွေ့ဆုံ ခဲ့ကြ ပါတယ်။

ဒါဟာ ဆီးရီးယား အကြပ်အတည်းနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ နိုင်ငံတကာ ညှိနှိုင်းရေး တွေမှာ အီရန် အနေနဲ့ ပထမဆုံး အကြိမ် ပါဝင် လာတာ ဖြစ်ပါတယ်။

ဒီလို အီရန် ရဲ့ ပါဝင် ပတ်သက် လာမှု အပေါ် ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း က ကြိုဆို ခဲ့ပါတယ်။

အမေရိကန် ဝန်ကြီး ကယ်ရီ အနေနဲ့ ရုရှား၊ တူရကီ နဲ့ ဆော်ဒီ အာရေဗျ နိုင်ငံ တွေရဲ့ နိုင်ငံခြားရေး ဝန်ကြီး တွေ နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

ဆီးရီးယား အရေး နဲ့ ပတ်သက်ပြီး အဆုံးအဖြတ် ပေးမယ့် ဆွေးနွေးပွဲ အဖြစ် တွေ့ဆုံ ကြမယ့် သောကြာနေ့ အစည်းအဝေးမှာ အင်အားကြီး နိုင်ငံ ပေါင်း ၁၂ နိုင်ငံ ကျော် ပါဝင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ