အမြင့်​ပေ အတော်​များ⁠များ​မှာ ပျံ​နေ​တုန်း ရုရှား​လေ​ယာဉ် ပျက်စီး​ခဲ့​တာ​လို့ ဆို

Image caption ရုရှား အစိုးရ လေယာဉ်ဟာ ပြန်လည် ရထားတဲ့ ရုပ်အလောင်း ၁၆၀ ကျော် ကို တင်ဆောင်ပြီး စိန့်ပီတာစ်ဘာ့ဂ် မြို့ကို သွားနေပြီ ဖြစ်။

ပြီးခဲ့တဲ့ စနေနေ့က အီဂျစ် နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ပျက်ကျခဲ့တဲ့ ရုရှား လေကြောင်း လိုင်း ရဲ့ အကြီးအကဲ ဖြစ်သူ အလက်ဇန္ဒြာ နီရတ်ဒ်ကို က လေယာဉ်ဟာ အမြင့်ပေ တော်တော် များများ မှာ ပျံသန်း နေတုန်း တစစီ ပျက်စီး သွားခဲ့တာ လို့ ပြောလာ ပါတယ်။

ဒါ့ကြောင့် လေယာဉ် အပျက်အစီး အပိုင်းအစ တွေကို တွေ့ရတဲ့ ဧရိယာ မြေပြင် အကျယ် ဟာ အတော် ကျယ်ပြန့်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ် ပျက်စီးရတဲ့ အကြောင်းအရင်းကို စုံစမ်းနေကြတဲ့ ကျွမ်းကျင်သူတွေ ကတော့ ကောက်ချက် တစ်ခု ဆွဲဖို့ စောလွန်း သေးတယ် လို့ ပြောပါတယ်။

အစ္စလာမ်မစ် လက်နက်ကိုင်တွေက လေယာဉ်ကို သူတို့ ပစ်ချလိုက်တာ ဆိုပြီး ကြေညာ ခဲ့ပေမယ့် အီဂျစ်နဲ့ ရုရှား အာဏာပိုင်တွေ က ငြင်းဆန် ထားပါတယ်။

အဲဒီလေယာဉ် ပေါ် လိုက်ပါသွားသူ ၂၂၄ ဦး စလုံး သေဆုံးခဲ့ပြီး အားလုံး နီးပါးဟာ ရုရှား နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

အခုဆိုရင်ရုရှား အစိုးရ လေယာဉ်ဟာ ပြန်လည် ရရှိထားတဲ့ ရုပ်အလောင်း ၁၆၀ ကျော် ကို တင်ဆောင်ပြီး စိန့်ပီတာစ်ဘာ့ဂ် မြို့ကို သွားနေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ