တူရကီ​ရွေး​ကောက်​ပွဲ အာဏာ​ရ​ပါ​တီ​ပဲ အနိုင်ရ

sp_turkey_elections ဓာတ်ပုံ မူပိုင် AP
Image caption AK ပါတီ က အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ပါလီမန် နေရာ ၂၇၆ နေရာထက် ပိုပြီး အနိုင်ရဖို့ ရှိနေပါတယ်။

တူရကီ နိုင်ငံမှာ လပိုင်း အတွင်းမှာပဲ ရွေးကောက်ပွဲ ၂ ခါပြန် ကျင်းပခဲ့ရပြီး အခုဆို ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး က အာဏာရ AK ပါတီ အနိုင်ရကြောင်း ကြေညာ လိုက်ပြီ ဖြစ်ပါတယ်။

ပြိုင်ဘက်ပါတီ တွေ ကို မဲထည့်ခဲ့ကြ သူများ အပါအဝင် နိုင်ငံသား အားလုံး အင်အားနဲ့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်မယ် ဆိုပြီး မစ္စတာ ဒါဗူးတော်လူး က ပြောပါတယ်။

မဲတွေ အားလုံးနီးပါး ရေတွက်လို့ ပြီးချိန်မှာ AK ပါတီ က အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ပါလီမန် နေရာ ၂၇၆ နေရာထက် ပိုပြီး အနိုင်ရဖို့ ရှိနေပါတယ်။

ကာ့ဒ်မျိုးနွယ်စု အရေး လိုလားတဲ့ HDP ပါတီ ကလည်း မဲအားလုံးရဲ့ ၁၀% ကျော် ရရှိ ခဲ့ပြီး ပါလီမန် နေရာ ၅၉ နေရာ အနိုင် ရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ