ဗြိတိသျှပါလီမန်တွင် အိန္ဒိယဝန်ကြီးချုပ်မိန့်ခွန်းပြော

အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ ယူကေဆိုက်ရောက် ဓာတ်ပုံ မူပိုင် AP
Image caption အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ ယူကေဆိုက်ရောက်

ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ နဲ့ ဗြိတိသျှ ဝန်ကြီးချုပ်တို့က နှစ်နိုင်ငံအကြား ဒေါ်လာ ၁၃ဘီလျံ ကျော်ဘိုး စီးပွားရေး သဘောတူချက် သစ်တွေ ချုပ်ဆိုခဲ့ကြောင်း ထုတ်ဖော် ကြေညာလိုက်ပါတယ်။ ဒါ့အပြင် အရပ်ဘက်သုံး နျူကလီးယား စွမ်းအင် ဆိုင်ရာ သဘောတူ စာချုပ်တခုကိုလည်း လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒီခရီးစဉ်မှာ မင်းခမ်းမင်းနားကြိုဆိုတာ တွေ ကုန်သွယ်ရေး သဘောတူချက်တွေဘဲ ဆောင်ရွက်တာမဟုတ်ပါဘူး။ အမှတ်၁၀ ဒေါင်းနင်းလမ်း ၀န်ကြီးချုပ် အိမ်တော်ရှေ့မှာ ကက်ရှမီးယား ပြဿနာ နီပေါနိုင်ငံကိစ္စ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှု စတဲ့စွပ်စွဲချက်တွေနဲ့ ဝန်ကြီးချုပ်မိုဒီကို ဆန္ဒပြမှုတွေလည်း ရှိပါတယ်။ တဘက်က ကြွေးကြော် ဆန္ဒပြ နေချိန်မှာဘဲ ဝန်ကြီးချုပ်တွေရဲ့ အစည်းဝေးပွဲမှာတော့ အိန္ဒိယ နိုင်ငံ ခေတ်မီရေးမှာ ဗြိတိန်က နံပတ်၁ မဟာမိတ် ဖြစ်ဖို့ မျှော်လင့်တယ်လို့ ဒေးဗစ်ကင်မရွန်ကပြောပါတယ်။

ပါလီမန် ရင်ပြင်မှာရှိတဲ့ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီရဲ့ ရုပ်တုကို ဒေးဗစ်ကင်မရွန်နဲ့ အတူသွားပြီးတဲ့နောက် မိုဒီက ပါလီမန်မှာ မိန့်ခွန်းပြောပါတယ်။ ဒီကနေ့မှာတော့ ဝင်ဘလီအားကစားရုံကြီးမှာ အိန္ဒိယနွယ်ဖွား ဗြိတိသျှ နိုင်ငံသား ၆သောင်းကို တွေ့ဆုံနှုတ်ဆက်မှာ ဖြစ်ပါတယ်။ အိန္ဒိယ အင်္ဂလိပ် ဆက်ဆံရေး နှစ်ပေါင်း၃၀၀ လောက်အတွင်း ပြည်သူနဲ့အစိုးရ အချင်းချင်း ဘယ်လိုဆက်ဆံရေးမျိုးရှိခဲ့ပါစေ အခုအခါ ဆက်ဆံရေး ပိုကောင်းအောင် တိုးချဲ့ဖို့အများကြီး ဆောင်ရွက်စရာ ရှိသေးတယ်ဆိုတာ ဒီခရီးစဉ်က ပြလိုက်တာ ဖြစ်ကြောင်း ဘီဘီစီနိုင်ငံရေး သတင်းထောက် ရော့ဘ်ဝပ်ဆင်က သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ