IS ကို ပြင်သစ်က လက်တုန့်ပြန် ဗုံးကြဲ

_rafale_fighter_jet ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ် တိုက်လေယာဉ် ၁၂ စင်း ပါဝင် ခဲ့ပြီး ဗုံး အလုံး ၂၀ ကြဲ။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရဲ့ ဆီးရီးယား ထဲက အဓိက ခြေကုပ်မြို့ ဖြစ်တဲ့ ရက်ခါ ကို ပြင်သစ် က လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ် ခဲ့ပါတယ်။

ဒီ စစ်ဆင်ရေးမှာ ပြင်သစ် တိုက်လေယာဉ် ၁၂ စင်း ပါဝင် ခဲ့ပြီး ဗုံး အလုံး ၂၀ ကြဲ ခဲ့တာမှာ IS တို့ရဲ့ ကွပ်ကဲရေး စခန်း၊ လက်နက် သိုလှောင်ရေး ရုံ နဲ့ လေ့ကျင့်ရေး စခန်း အပါအဝင် တခြား ပစ်မှတ် တွေကို ထိမှန် ခဲ့တယ် လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဌာန က ပြောပါတယ်။

ဒါဟာ IS အဖွဲ့ က သူတို့ ပြုလုပ် ခဲ့တာ ဖြစ်တယ် ဆိုပြီး ကြေညာ ထားတဲ့ ပဲရစ်မြို့တော် အတိုက်အခိုက် ခံခဲ့ရ တဲ့ နောက်ပိုင်း ၂ ရက် အကြာ မှာ ပြင်သစ် ဘက်ကနေ လက်တုန့်ပြန် ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

IS အဖွဲ့ အပေါ် အမေရိကန် က ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက် မှု တွေ ထဲ ပါဝင်တဲ့ ညွန့်ပေါင်း အဖွဲ့ဝင် ဂျော်ဒန် နဲ့ ယူအေအီး နိုင်ငံ တွေ မှာ ရှိတဲ့ လေတပ် အခြေစိုက် စခန်း တွေ ကနေ အခုလို ပြင်သစ် တိုက်လေယာဉ် တွေ စစ်ရေး ဆောင်ရွက် ချက် တွေ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ