အကြမ်းဖက်အန္တရာယ်ကြောင့် ဘရပ်စ်ဆဲလ်မြို့ကြီး တိတ်ဆိတ်နေ

_belgium_terror
Image caption ဘရပ်စ်ဆဲလ် မြို့ ရဲ့ မြေအောက် မီးရထားတွေ လည်း စနေနေ့ တနေ့လုံး ပိတ် ထား ခဲ့ပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက် ခံရနိုင်တဲ့ အန္တရာယ် အဆင့်ကို အမြင့်ဆုံး အဖြစ် အစိုးရ က တိုးမြှင့် သတ်မှတ် ခဲ့တဲ့ နောက် ဘရပ်စ်ဆဲလ် မြို့လည် မှာ ရှိတဲ့ ကဖေးဆိုင်တွေ၊ ဘားဆိုင် တွေ နဲ့ ဒစ္စကို ကပွဲရုံတွေ ကို ပိတ်ထားဖို့ လည်း အာဏာပိုင် တွေ က တိုက်တွန်း ခဲ့ပါတယ်။

ဒါ့ကြောင့် ဘရပ်စ်ဆဲလ် ရဲ့ ညဘက် လူစည်ကား လေ့ ရှိတဲ့ နေရာတွေ မှာ စနေနေ့ ညက ဆိုရင် လူခြေ တိတ်ဆိတ် ခြောက်ကပ် နေခဲ့ တယ် လို့ အဲဒီမှာ ရှိ နေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒါ့အပြင် စစ်သားနဲ့ ရဲ အစောင့်အကြပ် တွေ ကိုလည်း မြင်သာထင်သာ တွေ့ နေရတယ် လို့ လည်း ဆိုပါတယ်။

ဘရပ်စ်ဆဲလ် မြို့ ရဲ့ မြေအောက် မီးရထားတွေ လည်း စနေနေ့ တနေ့လုံး ပိတ် ထား ခဲ့ပါတယ်။

ပဲရစ်မြို့ တွေ့ကြုံခဲ့ရတဲ့ တိုက်ခိုက်မှု တွေ နဲ့ အလားတူ ဘရပ်စ်ဆဲလ် မှာ ကြုံလာ ရနိုင်တယ် ဆိုတဲ့ သတင်း ရရှိထားတယ် လို့ ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် ရှာလ် မီရှဲလ် က ဆိုပါတယ်။

ဒီလို အန္တရာယ် အမြင့်ဆုံ အဖြစ် တပ်လှန့် ထားရတဲ့ အခြေအနေ ကို ဘယ်လ်ဂျီယံ အာဏာပိုင်တွေက တနင်္ဂနွေ နေ့ မှာ ပြန်လည် စမ်းစစ် ကြပါလိမ့်မယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ