အိုင်အက်စ် ကို ချေမှုန်းဖို့ အိုဘားမား ကတိပြု

Image caption အိုင်အက်စ် ကို ချေမှုန်း ဖို့ အိုဘားမား ကတိပြု

အမေရိကန် နိုင်ငံနဲ့ မဟာမိတ်တွေဟာ အကြမ်းဖက် သမားတွေကို တိုက်ခိုက် ရာမှာ အလျော့ပေး မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘာမား က ပြောကြား လိုက်ပါတယ်။

အကြမ်းဖက် သမားတွေကို ချေမှုန်း ဖို့ အတွက် မည်သူ့ စိုးရိမ်စရာမှ ရှိမနေဘူး ကြောင်းနဲ့ အိုင်အက်စ် အဖွဲ့ဟာ လူသတ် အဖွဲ့အစည်း တစ်ခု သာ ဖြစ်တယ် လို့လည်း ပြောကြား ခဲ့ပါတယ်။

အတွေးအခေါ် လွဲမှား နေကြတဲ့ အစွန်းရောက် အကြမ်းဖက် သမားတွေ ကို တိုက်ခိုက်ရာမှာ အမေရိကန် နိုင်ငံ အနေနဲ့ ဆက်လက် ဦးဆောင်သွားမှာ ဖြစ်ကြောင်း ကို ကွာလာလမ်ပူ မှာ ကျင်းပ နေတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ထည့်သွင်း ပြောကြား သွားပါတယ်။

ပဲရစ်မြို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှုဟာ လက်ခံ နိုင်ဖွယ် မရှိကြောင်းနဲ့ ရုရှ နိုင်ငံကို လည်း အိုင်အက်စ် အဖွဲ့တွေရဲ့ အခြေစိုက် စခန်းတွေ ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ကြဖို့ သမ္မတ အိုဘားမား က တိုက်တွန်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ