ရုရှားလေယာဉ် အားလုံးကို ယူကရိန်း ပိတ်ပင်

ဓာတ်ပုံ မူပိုင် Getty
Image caption ရုရှား လေယာဉ် အားလုံးကို ပိတ်ပင်လိုက်တယ်လို့ ယူကရိန်း ဝန်ကြီးချုပ် ပြော။

ယူကရိန်း နိုင်ငံက ရုရှား လေယာဉ် အားလုံးကို သူ့လေပိုင်နက်ထဲ ဝင်ထွက်ခွင့် ပိတ်ပင်လိုက်ပြီး ရုရှား ဆီက ဓာတ်ငွေ့လည်း ဝယ်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

ရုရှားက ခွဲထုတ်ခဲ့တဲ့ ယူကရိန်း နယ်ဟောင်း ခရိုင်းမီးယား ဒေသမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့မှုအတွက် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီးနောက် အခုကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အခု သီတင်းပတ် အကုန်က ခရိုင်းမီးယား ဒေသမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက် စေခဲ့တဲ့ ပေါက်ကွဲမှုတွေ အတွက် မော်စကိုက ယူကရိန်း အစိုးရကို အပြစ်တင် ခဲ့ပါတယ်။

ယူကရိန်း အစိုးရကတော့ အမျိုးသားရေး ဝါဒီတွေနဲ့ တာတာ ခွဲထွက်ရေး သမားတွေရဲ့ လက်ချက်လို့ ပြောပါတယ်။

ရုရှား စွမ်းအင် ကုမ္ပဏီကြီး ဂက်ဇ်ပရွမ် Gazprom က ယူကရိန်းဘက်က ဓာတ်ငွေ့ဖိုး ကြိုတင် ပေးချေမှုတွေ မရှိတော့တဲ့အတွက် ဓာတ်ငွေ့ ပေးပို့မှုတွေကို ရပ်ပစ် လိုက်တယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ကတော့ ယူကရိန်းက ခရိုင်းမီးယား နယ်နဲ့ ကုန်သွယ်မှုတွေကို ရပ်ဆိုင်း ခဲ့ပါတယ်။ ယူကရိန်းနဲ့ အီးယူ တို့အကြား သဘောတူထားတဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် စတင် အသက်ဝင်မယ့် ဇန်နဝါရီ လက စပြီး ရုရှားက ယူကရိန်း ထုတ်ကုန်တွေကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက် နေချိန်မှာ ယူကရိန်းက ခရိုင်းမီးယားနဲ့ ကုန်သွယ်မှုကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ