ပြင်သစ်နဲ့ရုရှားတို့ ပူးပေါင်းပြီး အကြမ်းဖက်မှု နှိမ်နင်းမည်

ရုရှားနဲ့ပြင်သစ် သမ္မတတို့ဆွေးနွေး ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားနဲ့ပြင်သစ် သမ္မတတို့ဆွေးနွေး

ဆီးရီးယား နိုင်ငံမှာရှိတဲ့ IS အစ္စလာမစ် နိုင်ငံ အဖွဲ့ကို နှိမ်နင်း တိုက်ခိုက်ရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပူးတွဲ နည်းဗျူဟာတခုကို ပြင်သစ်နဲ့ ရုရှား နိုင်ငံ ခေါင်းဆောင်တွေ အကြား သဘောတူလိုက်ကြပါတယ်။

မော်စကိုမှာ လုပ်တဲ့သတင်းစာရှင်းပွဲမှာ ရုရှားသမ္မတ Vladimir Puntin က ရုရှားကော ပြင်သစ်ပါ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ရင်ဆိုင်ရလို့ ဘုံရန်သူကို ပူးပေါင်း နှိမ်နင်းရမယ်လို့ပြောပါတယ်။ ဒါ့အပြင် ပြင်သစ်မှာ အကြမ်းဖက်သမားတို့ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေအတွက် ဒီကနေ့ အထိမ်းအမှတ်ကျင်းပတဲ့အခါ ပြင်သစ် ပြည်သူတွေရဲ့ဆုံးရှုံးမှုအတွက် ရုရှား တို့ဘက်ကလည်း အထူးဝမ်းနည်း ကြေကွဲပါတယ်လို့ ထုတ်ပြောပါတယ်။

ဒါပေမယ့် နိုင်ငံခေါင်းဆောင်ကြားမှာ ဆီးရီးယား သမ္မတ အာဆတ်ရဲ့ အနာဂါတ်နဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတော့ ရှိနေပါတယ်။ ပြင်သစ်သမ္မတ အော်လော်န်ကတော့ သမ္မတ အာဆတ်အနေနဲ့ ဆီးရီးယား အနာဂတ်မှာ ဘယ်အခန်းကမှ မပါသင့်ဘူးလို့ ပြောပါတယ်။ သမ္မတပူတင် ကတော့ဒီကိစ္စကို ဆီးရီးယား ပြည်သူတွေက ဆုံးဖြတ်ဖို့လိုမယ်လို့ဆိုပါတယ်။ တနည်းအား ဖြင့်ပြင်သစ်တွေ ပြောနေတဲ့ အမေရိကန်တို့ပါ ပါဝင်မယ့် အကြမ်းဖက်မှုဆန့်ကျင်ရေးမဟာညွန့်ပေါင်းအဖွဲ့ကြီးမျိုး ဖြစ်လာမယ့် လက္ခဏာ မတွေ့ရပါဘူး။

အဲဒီသတင်းစာ ရှင်းပွဲမှာပဲ ရုရှား ဂျက်လေယာဉ်ရဲ့တည်နေရာကို အမေရိကန်တို့က သတင်းပေးရက်သားနဲ့ တူရကီတို့ပစ်ချတယ်လို့ သမ္မတပူတင် ကပြောဆိုပါတယ်။ ဒါကြောင့် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းဖို့အဆင်သင့် ဖြစ်ပေမယ့် သူတို့လေယာဉ်ကိုပစ်ချလို့လေသူရဲတွေ သေရတာမျိုးကိုတော့ လုံးဝ လက်မခံနိုင်ကြောင်းသမ္မတပူတင်ကပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ