ကာ့ဒ်မျိုးနွယ်စုအရေး လှုပ်ရှားသူတွေနဲ့ တူရကီအစိုးရ ထိပ်တိုက်တွေ့လာပြန်

_tahir_elci
Image caption မစ္စတာ အယ်ချီ ကို ကြံရွယ်ချက် ရှိရှိ သတ်ဖြတ် ခဲ့ တာ ဆိုပြီး ဝေဖန် ပြစ်တင် နေကြ ပါတယ်။

တူရကီ နိုင်ငံ မှာ ကာ့ဒ်မျိုးနွယ်စု တွေ အရေး လှုပ်ရှားတဲ့ ရှေ့နေ တစ်ဦး အသတ် ခံခဲ့ရတာ နဲ့ ပတ်သက်ပြီး အစ္စတန်ဘူလ် မြို့မှာ လူတွေ ရာပေါင်းများစွာ ဆန္ဒပြ ခဲ့ကြတာကို အာဏာပိုင်တွေ က မျက်ရည်ယို ဗုံးတွေ၊ မီးသတ်ပိုက် တွေ သုံးပြီး ဖြိုခွင်း ခဲ့ ပါတယ်။

တူရကီ နိုင်ငံ အရှေ့ တောင်ဘက်ပိုင်း မြို့ ဖြစ်တဲ့ ဒီယားဘာ့ကာ မြို့မှာ ရဲ နဲ့ အမျိုးအမည် မသိရတဲ့ သေနတ် သမားတွေ အကြား ပစ်ခတ်မှု တွေ ဖြစ်ပွားစဉ် ရှေ့နေ တဟီးရားအယ်လ်ချီ တစ်ယောက် သေနတ် ထိမှန် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ့ ဖြစ်ရပ် မှာ တူရကီ ရဲ တစ်ဦး လည်း သေဆုံး ခဲ့ပါတယ်။

ကာ့ဒ်မျိုးနွယ်စု အရေး လှုပ်ရှား သူတွေ က မစ္စတာ အယ်ချီ ကို ကြံရွယ်ချက် ရှိရှိ သတ်ဖြတ် ခဲ့ တာ ဆိုပြီး ဝေဖန် ပြစ်တင် နေကြ ပါတယ်။

မစ္စတာ အယ်လ်ချီ ဟာ တူရကီ လုံခြုံရေး တပ်ဖွဲ့တွေ နဲ့ ကာ့ဒ် ခွဲထွက်ရေး သမားတွေ အကြား ငြိမ်းချမ်းရေး တည်ဆောက် ဖို့ လူသိထင်ရှား ကြေညာချက် ထုတ် တောင်းဆိုခဲ့ သူ ဖြစ်ပါတယ်။

မစ္စတာ အယ်လ်ချီဟာ သေနတ် ပစ်ခတ်မှု တွေ အတွင်း ကြားညပ်ပြီး ထိမှန် သေဆုံး ခဲ့တာလား၊ ကြံရွယ်ချက် ရှိရှိ သတ်ဖြတ် ခံခဲ့ရတာလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိလှဘူး ဆိုပြီး တူရကီ ဝန်ကြီးချူပ် အာမက် ဒါဗူးတော်လူး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ