တူရကီက IS ရဲ့ ရေနံလိုချင်လို့ ရုရှားလေယာဉ်ကို ပစ်ချခဲ့တာလို့ ပူတင်စွပ်စွဲ

_turkey_russia_plane ဓာတ်ပုံ မူပိုင်
Image caption တူရကီ ကနေ ရုရှားကို အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက် တင်သွင်း မှု အပေါ် ပိတ်ပင်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှား စစ်လေယာဉ်ကို တူရကီ က ပစ်ချ ခဲ့တာဟာ တူရကီ အနေနဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ဆီက ရရှိနေတဲ့ ရေနံ တွေကို ကာကွယ်လို တဲ့ အတွက် ဖြစ်တယ် လို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က စွပ်စွဲ လိုက် ပါတယ်။

ပဲရစ် မြို့တော်မှာ ပြုလုပ်နေတဲ့ ရာသီဥတု ပြောင်းလဲခြင်း အပေါ် ထိန်းချုပ်ရေး ဆိုင်ရာ ထိပ်သီး ညီလာခံ မှာ မစ္စတာ ပူတင် က လေယာဉ် ပစ်ချ ခံခဲ့ရတဲ့ အဖြစ်အပျက် အကြောင်း ထည့်သွင်း ပြောဆို ခဲ့တာ ဖြစ်ပြီး၊ အမှားအယွင်း တစ်ရပ်ကို တူရကီ က အကြီးအကျယ် ကျူးလွန် ခဲ့တာ ဖြစ်တယ် လို့ လည်း ဆိုပါတယ်။

တူရကီ ကနေ ရုရှားကို အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက် တင်သွင်း မှု အပေါ် ပိတ်ပင် တာ အပါအဝင် စီးပွားရေး ပိတ်ဆို့ ကန့်သန့်မှု အသစ်တွေ ကို လည်း ရုရှားက တနင်္လာနေ့ တုန်းက ထပ်မံ ချမှတ် ခဲ့ ပါတယ်။

ဆူခွိုင်း- ၂၄ အမျိုးအစား ရုရှား တိုက်လေယာဉ် ကို တူရကီ နဲ့ ဆီးရီးယား နယ်စပ်မှာ ပစ်ချ ခဲ့တဲ့ လုပ်ရပ် အတွက် ရုရှားကို တောင်းပန်ဖို့ တူရကီ က ငြင်းပယ် ထားပြီး တူရကီ အနေနဲ့ ကိုယ်ရဲ့ ဝေဟင် ပိုင်နက် အပေါ် ကိုယ်ကာကွယ်ဖို့ အခွင့်အရေး အပြည့်အဝ ရှိတယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ