လက်ဘနွန် လုံခြုံရေး အရာရှိတွေ ပြန်လွှတ်

lebanon ဓာတ်ပုံ မူပိုင် Reuters
Image caption လွတ်လာသူတွေကို မိသားစုတွေကြိုဆို

အကျဉ်းသား ဖလှယ်ရေး အစီအစဉ် တရပ် အရ ဆီးရီးယား အစ္စလာမ္မစ် သူပုန် အဖွဲ့ Nusra Front က လက်ဘနွန် လုံခြုံရေး အရာရှိတွေ ကို လွှတ်ပေး လိုက်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်က နယ်စပ်မြို့ ဖြစ်တဲ့ Arsal မှာ စစ်သားနဲ့ ရဲဝန်ထမ်း ၁၆ ယောက်ကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် လက်ဘနွန် နိုင်ငံ ဘက်က သူတို့ ဖမ်းဆီးထားသူ ၁၃ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။

အဲဒီ ထဲမှာ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ရဲ့ ဇနီးဟောင်း တယောက် ဖြစ်သူ Saja al-Duleimi လည်း ပါဝင်ပါတယ်။

နှစ်ပေါင်း အတော်ကြာ ကတည်းက IS ခေါင်းဆောင်နဲ့ ကွာရှင်းခဲ့ပြီး ဖြစ်တယ်လို့ Saja al-Duleimi က ပြောပါတယ်။

အခုတော့ သူဟာ တူရကီ နိုင်ငံဆီ ဦးတည် သွားကောင်း သွားနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ