ပစ္စတိုးရီးယပ်စ် ပြစ်မှု လူသတ်မှုအဖြစ် ပြောင်းလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption လူသေစေမှုကို ပြင်ဆင်လိုက်ပြီး လူသတ်မှုနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရ။

တောင်အာဖရိက မသန်စွမ်း အပြေးသမား အော်စကာ ပစ္စတိုးရီးယပ်စ် ဟာ သူ့ ရည်းစားကို တမင် ရည်ရွယ်ပြီး သတ်ဖြတ် ခဲ့တာ ဖြစ်လို့ လူသတ်မှုနဲ့ အပြစ်ရှိတယ်လို့ အယူခံ တရားရုံးချုပ်က ဆုံးဖြတ် လိုက်ပါတယ်။

အစောပိုင်းက ချမှတ်ထားတဲ့ လူသေစေမှုကို ပြင်ဆင်ပြီး လူသတ်မှု အတွက် ပြစ်ဒဏ်ကို ပြန်လည် ချမှတ်ဖို့ ဂျူရီ အဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်နှစ် အထိတော့ ပြစ်ဒဏ် ချမှတ် နိုင်မှာ မဟုတ်သေးပါဘူး။

ပစ္စတိုးရီးယပ်စ်ဟာ လူသေစေမှု အတွက် ကျခံထားရတဲ့ ထောင်ဒဏ် ၅ နှစ် အနက် တစ်နှစ်ကို ကျခံခဲ့ပြီးနောက် လောလောဆယ်မှာ နယ်အိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်း ခံထားရတာ ဖြစ်ပါတယ်။

ပစ္စတိုးရီးယပ်စ်က ၂၀၁၃ ဖေဖော်ဝါရီလမှာ သူ့ရည်းစား ရီးဗာ စတီးန်ကမ့်ပ်ကို ပိတ်ထားတဲ့ တံခါးနောက်ကနေ သေနတ်နဲ့ ၄ ချက် ပစ်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ အိမ်ထဲ ဝင်လာတဲ့ လူစိမ်းလို့ ထင်တဲ့ အတွက် အဲဒီလို ပစ်ခဲ့တာလို့ ချေပခဲ့ပါတယ်။

အခုတော့ ပစ္စတိုးရီးယပ်စ်ဟာ တရားရုံးကို ပြန်လာပြီး လူသတ်မှု ပြစ်ဒဏ်ကို ခံယူရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ