ဆီးရီးယား IS တွေကို ယူကေ လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ မူပိုင် PA
Image caption IS ပိုင် ရေနံတွင်းတွေကို ဗြိတိသျှ တိုက်လေယာဉ် ၄ စီးက တိုက်ခိုက်ခဲ့

ဗြိတိသျှ တော်ဝင် လေတပ်ရဲ့ တိုနေဒိုး တိုက်လေယာဉ်တွေက ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဗုံးကြဲ တိုက်ခိုက်ဖို့ အတွက် ယူကေ အမတ်တွေ အတည်ပြုပြီး မကြာမီမှာပဲ ဆိုက်ပရပ်စ်မှာ ရှိတဲ့ Akrotiri အက်ရော့တီရီ လေတပ်စခန်းက တိုနေးဒိုး တိုက်လေယာဉ် ၄ စီး တိုက်ခိုက်မှုမှာ ပါဝင် ခဲ့ပါတယ်။

ဆီးရီးယား အရှေ့ပိုင်းက IS တွေ ထိန်းချုပ်ထားတဲ့ ရေနံတွင်းတွေကို တိုက်ခိုက် ထိမှန်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကတော့ IS အပေါ် တိုက်ခိုက်မှုတွေဟာ အချိန် ကြာမြင့်မှာ ဖြစ်ပြီး ပုံမှန် ပြုလုပ်သွားဖို့ လိုတယ်လို့ သတိပေး ပြောဆို ခဲ့ပါတယ်။

IS အပေါ် လေကြောင်း တိုက်ဖို့အတွက် ယူကေ ပါလီမန်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးငြင်းခုံပြီး မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၉၇ မဲ၊ ကန့်ကွက်မဲ ၂၂၃ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အက်ရော့တီရီ လေတပ်စခန်းမှာ ရှိနှင့်ပြီးဖြစ်တဲ့ တိုက်လေယာဉ် ၈ စီး အပြင် နောက်ထပ် ၈ စီး ထပ်ပို့လိုက်တယ် လို့လည်း ယူကေ ကာကွယ်ရေး ဝန်ကြီး မိုက်ကယ် ဖာလန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ