ကယ်လီဖိုးနီးယား ပစ်ခတ်မှု အကြမ်းဖက်ဝါဒ လုပ်ရပ်လို့ FBI ပြော

_bernardino_police_irc_ ဓာတ်ပုံ မူပိုင် EPA
Image caption လင်မယား စုံတွဲ ဟာ နိုင်ငံရပ်ခြားက အကြမ်းဖက် အဖွဲ့အစည်း တွေ ရဲ့ လုပ်ရပ် တွေ ကို ကြည့်ပြီး အလိုက်လံ ကျင့်ကြံ ဖို့ အတုယူ ခဲ့သူတွေ ဖြစ်နိုင်တယ်။

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန် ဘာနာဒီးနိုး မြို့ မှာ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ လင်မယားစုံတွဲ ဟာ ဘာသာရေး အစွန်းရောက် ဝါဒထဲ အသိမ်းသွင်း ခံခဲ့ ရနိုင်တယ် ဆိုတာ ဖော်ပြ နေတဲ့ အချက်အလက် တွေ ရရှိ ထားတဲ့ အတွက် အဲဒီ့ အမှု ကို အကြမ်းဖက် ဝါဒ လုပ်ရပ် အဖြစ် သတ်မှတ် စုံစမ်း နေတာ ဖြစ်တယ် လို့ FBI ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီ က ပြောပါတယ်။

အဲဒီ့ လင်မယား စုံတွဲ ဟာ နိုင်ငံရပ်ခြားက အကြမ်းဖက် အဖွဲ့အစည်း တွေ ရဲ့ လုပ်ရပ် တွေ ကို ကြည့်ပြီး လိုက်လံ ကျင့်ကြံ ဖို့ အတုယူ ခဲ့သူတွေ ဖြစ်နိုင်တယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အဲဒီ့ စုံတွဲဟာ တခြား အကြမ်းဖက် အုပ်စု ငယ်တွေ ၊ အဖွဲ့အစည်း ကြီးတွေ နဲ့ ဆက်စပ် နေတာ မျိုးကိုတော့ မတွေ့ရဘူး လို့လည်း မစ္စတာ ကိုမီက ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ဆန် ဘာနာဒီးနိုး မြို့ လူမှုဖူလုံရေး ဌာန အဆောက်အဦ အနီးက အမှိုက်ပုံး ထဲ ကနေ မိုဘိုင်း လက်ကိုင်ဖုန်း တွေ တွေ့ရှိ ထားပြီး၊ အဲဒီ့ ဖုန်းတွေ ကနေ အင်တာနက် အွန်လိုင်း အသုံးပြုထားတဲ့ အချက်အလက် တွေ ကို ဖျောက်ဖျက် နိုင်ဖို့ အဲဒီ့ စုံတွဲ က ကြိုးစား ခဲ့တယ် လို့လည်း FBI ပြောခွင့်ရ ဒေးဗစ် ဘိုးဒစ်ချ်က အစောပိုင်းတုန်းက ထုတ်ပြန် ထားပါတယ်။

ဘယ် လို အချက်အလက် မျိုးတွေကို လက်စ ဖျောက်ဖို့ ကြိုးစား ခဲ့သလဲ ဆိုတာ ပြန်လည် ဖော်ထုတ် နိုင်အောင် FBI က လုပ်ဆောင် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ