လန်ဒန်မြေအောက်ဘူတာရုံ တိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒ လုပ်ရပ် အဖြစ် ကိုင်တွယ်နေ

_london_attack_ ဓာတ်ပုံ မူပိုင် PA
Image caption ဆီးရီးယား အတွက် တိုက်ခိုက်တာ ဖြစ်တယ် ဆိုပြီး တိုက်ခိုက်သူက အော်ဟစ် ခဲ့။

ယူကေ နိုင်ငံ လန်ဒန်မြို့ အရှေ့မြောက်ပိုင်း က လေတန်စတုန်း မြေအောက် ရထားဘူတာ ရုံ မှာ ဓားထိုးမှု ဖြစ်ခဲ့ ပါတယ်။

လူတစ်ယောက် ဟာ ဓါး ကိုင်ဆောင်ပြီး ခရီးသည်တွေ ကို ခြိမ်းခြောက် ခဲ့ပြီး တဲ့ နောက် တစ်ယောက် ကို တကယ် ဓားနဲ့ ထိုး တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား အတွက် တိုက်ခိုက်တာ ဖြစ်တယ် ဆိုပြီး တိုက်ခိုက်သူက အော်ဟစ် ခဲ့ ကြောင်း မျက်မြင် သက်သေတွေက ပြောပါတယ်။

အဲဒီ တိုက်ခိုက်သူကို ရဲ က လျှပ်စစ် သေနတ် သုံးပြီး ဓာတ်လိုက်အောင် လုပ် ကာ ဖမ်းဆီး ခဲ့ပါတယ်။

ဓား အထိုးခံခဲ့ရသူ ရဲ့ ဒဏ်ရာ ပြင်းထန် ပြီး အနည်းအကျဉ်း ဒဏ်ရာရသူ ၂ ဦး လည်း ရှိတယ်လို့ ရဲ က ပြောပါတယ်။

အဲဒီ့ တိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒ လုပ်ရပ် အဖြစ် သတ်မှတ် ကိုင်တွယ် နေကြောင်း ယူကေ ရဲ တပ်ဖွဲ့ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ