ပြင်သစ်မှာ ဒေသန္တရ ရွေးကောက်ပွဲတွေကျင်းပ

ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ် ရွေးကောက်ပွဲ လုံခြုံရေး တင်းကျပ်ထား

ပဲရစ်မြို့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး သုံးပါတ်မြောက်နေ့ မှာတော့ ဒေသဆိုင်ရာ ရွေးကောက်ပွဲ တွေ ကျင်းပ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာထားဆဲ ဖြစ်ပြီး ဆန္ဒမဲ ပေးရာ နေရာတွေကို လုံခြုံရေး တင်းကျပ်စွာ ချထားပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြောင့် ရွှေပြောင်း ဝင်ရောက် လာသူတွေကို ဆန့်ကျင်နေကြတဲ့ အမျိုးသားရေး ဝါဒီတွေဟာ အခု ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းစား နေပါတယ်။

ဆိုရှယ်လစ် ပါတီ နောက်တစ်ကြိမ် အနိုင် ရဖို့ အတွက် တက်တက်ကြွကြွ နဲ့ လာရောက် မဲ ပေးကြဖို့ ဝန်ကြီးချုပ် မန်နူရယ် ဗောလ် က ပါတီ ထောက်ခံသူတွေကို ပန်ကြား ခဲ့ပါတယ်။  

ဒီသတင်းနဲ့ပတ်သက်သမျှ