စီးပွားရေးကို မထိခိုက်စေပဲ ကာဘွန် လျှော့ နိုင်မှာလား

_emission ဓာတ်ပုံ မူပိုင် SPL
Image caption ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကို ထိန်းချုပ် ချင်တယ် ဆိုရင် တော့ ကမ္ဘာ့ ကာဘွန် ထုတ်လွှတ်မှု ကို သုံည အမှတ် နီးပါး လျှော့ချ နိုင်ဖို့ လိုတယ်။

ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုး နေချိန် ဖြစ်ပေမယ့် အခုနှစ်မှာတော့ ကာဘွန် ဓာတ်ငွေ့ ထုတ်လွှတ်မှု ဟာ တိုးမြင့် မလာ နိုင် လောက်ဘူး ဆိုပြီး သုတေသီ တွေက ပြောပါတယ်။

အင်္ဂလန် နိုင်ငံ က East Anglia တက္ကသိုလ် နဲ့ ကမ္ဘာ့ ကာဘွန် ပရောဂျက် အဖွဲ့တို့ ပူးပေါင်း လေ့လာ ခဲ့တာမှာ ကာဘွန် ထုတ်လွှတ်မှု ပမာဏ တိုးတက် နေတာ နှေးကွေးသွားပြီး အနည်းငယ် တောင်မှ ကျဆင်း နိုင်တယ် လို့ ဆိုပါတယ်။

အဲဒီ့ လေ့လာမှု သာ မှန်ကန် တယ် ဆိုရင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု ကို မထိခိုက် စေနိုင်ပဲ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချ နိုင် တယ် ဆိုတာ ကို ပြသ နေတယ် ဆိုပြီး ဘီဘီစီ ရဲ့ ပတ်ဝန်းကျင် ဆိုင်ရာ သတင်းထောက် က သုံးသပ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကို ထိန်းချုပ် ချင်တယ် ဆိုရင် တော့ ကမ္ဘာ့ ကာဘွန် ထုတ်လွှတ်မှု ကို သုံည အမှတ် နီးပါး လျှော့ချ နိုင်ဖို့ လိုတယ် လို့ သိပ္ပံပညာ ရှင် တွေ က ပြောပါ တယ်။

ဒါ့ကြောင့် ပဲရစ် မြို့တော် ထိပ်သီး ညီလာခံမှာ ကာဘွန် ထုတ်လွှတ်မှု ကို သိသိသာသာ ပမာဏ မျိုး အထိ လျှော့ချကြ ပါဆိုပြီး နိုင်ငံတကာ ခေါင်းဆောင်တွေ အပေါ် သိပ္ပံပညာရှင် တွေက တိုက်တွန်း နေ တာ ဖြစ်ပါတယ်။

အဲဒီလို့ ပမာဏ အမြောက်အများ လျှော့ချ နိုင်မှလည်း ကမ္ဘာကြီး ပူနွေး လာတဲ့ ပြဿနာ ကို ကိုင်တွယ် နိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ပဲရစ်မြို့ ညီလာခံမှာ နိုင်ငံတကာ က သက်ဆိုင်ရာ အစိုးရ ဝန်ကြီး တွေ ဟာ လျှော့ချမယ့် ကာဘွန် ပမာဏ အပါအဝင် ၊ ရာသီဥတု ပြောင်းလဲ နေတာ ကို ချုပ်ထိန်းရေး အတွက် လုပ်ဆောင် ရမှာ တွေ အပေါ် သဘောတူညီမှု တစ်ရပ် ကို အခု သီတင်းပတ် လာမယ့် ကြာသာပတေး နေ့မှာ အပြီး သတ် ရယူ ရမှာ ဖြစ်ပါတယ်။

အဲဒီလို့ သဘောတူညီမှု ထွက်လာပြီ ဆိုရင် နောက်တစ်ရက် သောကြာ နေ့မှာပဲ အဲဒီ့ သဘောတူညီမှု ကို ကုလသမဂ္ဂ က အတည်ပြု လာ နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ