IS အဖွဲ့ ဝင်ငွေ တစ်လ ဒေါ်လာ သန်း ၈၀ ရှိ

ဓာတ်ပုံ မူပိုင် AP
Image caption IS အဖွဲ့ရဲ့ ဘဏ္ဍာရေး လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ နိုင်ငံတကာက ကြိုးပမ်းနေ။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ဟာ လစဉ် ရန်ပုံငွေ အဖြစ် တစ်လကို ဒေါ်လာ သန်း ၈၀ လောက် ဝင်ငွေ ရနေတယ်လို့ ဗြိတိန် အခြေစိုက် ဘဏ္ဍာရေး ကုမ္ပဏီ တစ်ခုရဲ့ အစီရင်ခံစာက ဆိုပါတယ်။

အဲဒီ ဝင်ငွေတွေထဲက ၅၀ ရာခိုင်နှုန်းလောက်ကို IS အဖွဲ့က သူတို့ ထိန်းချုပ်တဲ့ နယ်တွေ အတွင်းမှာ အခွန်ကောက် တာတွေ၊ ပိုင်ဆိုင်မှုတွေကို အပိုင် သိမ်းတာတွေကနေ ရနေတယ်လို့ IHS Inc ကုမ္ပဏီရဲ့ အစီရင်ခံစာက ဆိုပါတယ်။

၄၃ ရာခိုင်နှုန်းကိုတော့ ရေနံတွင်းတွေကနေ ရနေပြီး၊ ကျန်တာကိုတော့ မူးယစ်ဆေးဝါးနဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်မှုတွေ၊ ရာဇဝတ်မှု လုပ်ငန်းတွေကနေ ရတယ်လို့ ဘဏ္ဍာရေး စောင့်ကြည့်သူ IHS Inc ကုမ္ပဏီက ပြောပါတယ်။

IS အဖွဲ့ဟာ အယ်လ်ခိုင်ဒါ အဖွဲ့လို နိုင်ငံတကာက ထောက်ပံ့သူတွေ အပေါ် မှီခိုနေရတာ မဟုတ်ဘူးလို့ အဲဒီ ကုမ္ပဏီက ဆိုပါတယ်။

ဆီးရီးယားမှာ ရှိတဲ့ IS အဖွဲ့ရဲ့ ဘဏ္ဍာရေး လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ နိုင်ငံတကာက ကြိုးပမ်းမှုတွေ တိုးမြှင့် ဆောင်ရွက် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ