ကာဘူးလ်မြို့တော် သံတမန် ရပ်ကွက်ထဲ တိုက်ခိုက်ခံရ

kabul_attack_secuity_forces_ ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက် ခံခဲ့ရတဲ့ တည်းခိုဆောင် ဟာ စပိန် သံရုံးဝင်း အနီးမှာ ဖြစ်ပြီး စပိန်ရဲ တစ်ဦး သေဆုံး သွားပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံ ကာဘူးလ် မြို့တော်မှာ နိုင်ငံခြားသား ဧည့်သည် တွေ တည်းခိုးရာ အဆောက်အဦကို တာလီဘန် လက်နက်ကိုင် တွေ ဝင်ရောက် တိုက်ခိုက် ခဲ့ သလို၊ အသေခံ ကားဗုံး ခွဲ မှုလည်း ဖြစ်ပေါ် ခဲ့ တယ်လို့ အာဖဂန် အာဏာပိုင် တွေ က ပြောပါတယ်။

တိုက်ခိုက် ခံခဲ့ရတဲ့ တည်းခိုဆောင် ဟာ စပိန် သံရုံးဝင်း အနီးမှာ ဖြစ်ပြီး စပိန်ရဲ တစ်ဦး သေဆုံး သွားပါတယ်။

အဲဒီ့ တိုက်ခိုက်မှုဟာ စပိန် သံရုံးကို ဦးတည် ပြုလုပ်ခဲ့တာ ဆိုပြီး အစောပိုင်း သတင်းတွေက ဆိုပေမယ့် စပိန် ဝန်ကြီးချုပ် က တော့ ငြင်းဆိုထား ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့တဲ့ ရပ်ကွက် ထဲ မှာ လက်နက်ကိုင် တချို့ ပုန်းအောင်း နေဆဲ ဖြစ်နိုင်တယ် လို့ အာဖဂန် အာဏာပိုင်တွေ က သတိပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ