ပြင်သစ် ဒေသန္တရ ရွေးကောက်ပွဲ ဒုတိယအဆင့်မှာ အမျိုးသားရေးပါတီ အခြေမလှ

sp_france_elections_marine_le_pen_ ဓာတ်ပုံ မူပိုင် EPA
Image caption စစ်တမ်းတွေ အရ မစ္စ လီပဲန်းရဲ့ မျှော်လင့်ချက် ပျက်ပျယ် သွားပြီ။

ပြင်သစ် နိုင်ငံရဲ့ ဒေသန္တရ ရွေးကောက်ပွဲ တွေ မှာ မဲပေးခဲ့သူတွေ ဆီက ကောက်ခံကြည့်တဲ့ စစ်တမ်းတွေ အရ လက်ျာစွန်းရောက် အမျိုးသားရေး တပ်ဦး ပါတီ အနေနဲ့ ဘယ် ဒေသကြီး မှာမှ အနိုင်မရ နိုင်ကြောင်း ညွှန်ပြ နေပါတယ်။

ရွေးကောက်ပွဲ ပထမ အကျော့ တုန်းကတော့ အမျိုးသားရေး တပ်ဦး ပါတီ က မဲအသာစီး ရခဲ့တဲ့ အတွက် ပါတီခေါင်းဆောင် မရီ လီပဲန်း က သူဦးဆောင်တဲ့ ပါတီ အနေနဲ့ မကြုံစဖူး နိုင်ငံရေး နယ်ပယ်မှာ ဦးဆောင်မှု နေရာ ရနိုင် လိမ့်မယ် လို့ မျှော်လင့် ခဲ့ပါတယ်။

အခုတော့ စစ်တမ်းတွေ အရ မစ္စ လီပဲန်းရဲ့ မျှော်လင့်ချက် ပျက်ပျယ် သွားပြီ ဖြစ်ပြီး ကိုယ်တိုင် ဝင်အရွေးခံတဲ့ မြောက်ပိုင်း ဒေသမှာလည်း မဟာမိတ် ဗဟိုလက်ျာ ပါတီက ကိုယ်စားလှယ် ကို ရှုံးနိမ့် နိုင်တယ် လို့ ဖော်ပြ နေပါတယ်။

မစ္စ လီပဲန်းရဲ့ လက်ျာစွန်းရောက် ပါတီ အနေနဲ့ ဒုတိယ အဆင့် မှာပါ ဆက်လက် အသာစီး မရ နိုင်ဖို့ အတွက် အာဏာရ ဆိုရှယ်လစ်ပါတီက ပထမ အကျော့ အပြီး မဲဆန္ဒနယ် တချို့ကနေ နှုတ်ထွက် သွားတာ ဟာ အလုပ်ဖြစ် လာတာကို ပြသနေတယ် ဆိုပြီး ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီအချိန်မှာပဲ ပြင်သစ် ဝန်ကြီးချုပ် မဲန်နွဲ ဗောင်းစ် က ရွေးကောက်ပွဲ မှာ အခုလို အမျိုးသားရေး တပ်ဦး ပါတီ အခြေအနေ မလှ ဖြစ်သွား တဲ့ အပေါ် ကြိုဆို လိုက်ပါတယ်။

ဒါပေမယ့် လက်ျာစွန်းရောက် တွေ ရဲ့ အန္တရာယ် ဟာ အပြီးတိုင် ပျောက်ပျက် သွားတာ မဟုတ် သေးဘူးလို့လည်း ဝန်ကြီးချုပ် ဗောင်းစ် က သတိ ပေး ပါတယ်။

မစ္စ လီပဲန်း ကတော့ ဒေသန္တရ အုပ်ချုပ်ရေး ကောင်စီ တွေ မှာ အမျိုးသားရေး တပ်ဦး ပါတီ ခအဖွဲံဝင် အရေ အတွက် ၃ ဆ မက တိုးတက် များပြား လာပြီး ဒီလို တိုးတက် လာမှု ကို ဘယ်သူမှ မတားဆီး နိုင်ဘူး လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ