ကိုလံဘီယာ အစိုးရနဲ့ သူပုန်တွေကြား သဘောတူညီမှု ယူ

columbia farc ဓာတ်ပုံ မူပိုင် AP
Image caption ကိုလံဘီယာ က Farc လက်ဝဲ သူပုန်တွေ

ကိုလံဘီယာ အစိုးရနဲ့ Farc သူပုန်တွေကြား အရေးကြီးတဲ့ သဘော တူညီမှု တခုကို ရယူနိုင်ခဲ့ပြီ လို့ ဟားဗားနား မြို့ ဆွေးနွေးပွဲ မှာ ကြေညာ ခဲ့ပါတယ်။

နှစ်ပေါင်း ၅ဝ ကျော် လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး အတွက် ကျူးဘား အစိုးရရဲ့ ကြားဝင် ညှိနှိုင်း ပေးမှုနဲ့ ၂ ဘက် ကိုယ်စားလှယ် တွေ ၃ နှစ် ကြာ ငြိမ်းချမ်းရေး ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

ဒီ ပြည်တွင်းစစ် အတွင်း ထိခိုက် နစ်နာ ခဲ့ရသူ တွေ အတွက် တရားမျှတမှု တွေ ဖော်ဆောင်ဖို့၊ နစ်နာကြေးတွေ ပေးဖို့ ကိစ္စမှာ သဘော တူညီမှု ရခဲ့တယ် လို့ ၂ ဘက် ညှိနှိုင်း သူတွေက ပြောပါတယ်။

ဒီပဋိပက္ခတွေမှာ ကျူးလွန်ခဲ့သူ တွေကို အမြင့်ဆုံး ထောင် ဒဏ် ၈ နှစ်ထိ ပေးတာ၊ လွတ်ငြိမ်း ချမ်းသာ ခွင့် ကြေညာတာ၊ ပြစ်ဒဏ် ပြောင်းလဲ သတ်မှတ် တာတွေ လုပ်နိုင်မယ့် အထူး တရားရုံးတွေ ဖွင့် သွားဖို့လည်း ဒီ သဘော တူညီမှု မှာ ပါဝင်ပါတယ်။

ဒီ သဘော တူညီမှု အသေးစိတ်ကိုတော့ ဟားဗားနား မြို့မှာ အင်္ဂါ နေ့မှာ တရားဝင် ကြေညာ ပေး သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ