ဆီးရီးယား အရေးအတွက် ကယ်ရီ ရုရှား ရောက်ရှိ

ဓာတ်ပုံ မူပိုင် epa
Image caption ၅ နှစ်နီးပါး ကြာမြင့်လာတဲ့ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂ သိန်းခွဲကျော် သေဆုံးခဲ့။

ဆီးရီးယား ငြိမ်းချမ်းရေး အလားအလာတွေကို ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ရုရှား နိုင်ငံ မော်စကို မြို့ကို ရောက်ရှိ နေပါတယ်။

မစ္စတာ ကယ်ရီက ဘုံရပ်တည်ချက် တစ်ခု ရဖို့ မျှော်လင့် ထားတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လက်ဗ်ရော့ဗ်နဲ့ မတွေ့ဆုံမီမှာ ပြောခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ပူတင်နဲ့ မစ္စတာ ကယ်ရီ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆီးရီးယား သူပုန်တွေထဲက ဘယ်အဖွဲ့တွေ ပါဝင်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့ ညှိနှိုင်း နေကြတာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံရေး အကူးအပြောင်း ကာလမှာ ဆီးရီးယား သမ္မတ အာဆတ် တစ်ယောက် ဘယ်နေရာကနေ ပါဝင် သင့်သလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း အမေရိကန်နဲ့ ရုရှားတို့ သဘော ကွဲလွဲ နေကြပါတယ်။

သမ္မတ အာဆတ်ကို အမေရိကန်က ဖယ်ထုတ် လိုတာ ဖြစ်ပြီး ရုရှားကတော့ အဲဒီလို လုပ်ဖို့အတွက် ဆီးရီးယား ပြည်သူတွေကသာ ဆုံးဖြတ် သင့်တယ်လို့ ပြောထားပါတယ်။

မစ္စတာ ကယ်ရီ မော်စကိုမှာ ရောက်နေစဉ် အတွင်း ယူကရိန်း ပြဿနာကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ