ဆန်ဂင်းက ရုံးအဆောက်အဦတွေ ပြန်သိမ်းနိုင်ပြီလို့ အာဖဂန်အစိုးရ ပြော

_sangin
Image caption ဆန်ဂင်း ဒေသ ဟာ ဘိန်း စိုက်ပျိုးနေတဲ့ အချက်အခြာ နေရာ ဖြစ်ပြီး အဲဒီ့ လုပ်ငန်းကနေ တာလီဘန် တွေ ရဲ့ အဓိက ဝင်ငွေ ရရှိနေတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံ ဆန်ဂင်း မြို့မှာ တာလီဘန် လက်ထဲ ကျရောက် သွားခဲ့တဲ့ အစိုးရ အဆောက်အဦတွေကို အာဖဂန် အစိုးရ တပ်တွေက အမေရိကန် လေကြောင်း ပစ်ကူတွေ အကူအညီ နဲ့ ပြန်လည် သိမ်းပိုက် နိုင်ခဲ့တယ် ဆိုပြီး အာဖ၈န် အာဏာပိုင်တွေ က ပြောပါတယ်။

ဒါပေမယ့် ဆန်ဂင်း ခရိုင် ဒေသထဲက တခြား နေရာတွေ မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေ သေးတယ် လို့လည်း ဆိုပါတယ်။

အခုလို အာဖဂန် အာဏာပိုင် တွေရဲ့ ပြောဆိုမှု အပေါ် တာလီဘန်တွေ ဘက်က တုံ့ပြန် မှတ်ချတ်ချတာ မျိုး မရှိ ပါဘူး။

ဒါပေမယ့် အစောပိုင်း ကတော့ ဆန်ဂင်းကို ထိန်းချုပ် ထားနိုင်ဆဲ ဖြစ်တယ် ဆိုပြီး တာလီဘန် တွေက ကြေညာ ထားပါတယ်။

အာဖဂန်နစ္စတန် တောင်ဘက်ပိုင်း ဟယ်လ်မန် ပြည်နယ် ထဲက ဆန်ဂင်း ဒေသ ဟာ ဘိန်း စိုက်ပျိုးနေတဲ့ အချက်အခြာ နေရာ ဖြစ်ပြီး အဲဒီ့ လုပ်ငန်းကနေ တာလီဘန် တွေ ရဲ့ အဓိက ဝင်ငွေ ရရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ