ရာမာဒီနားက အစိုးရစစ်စခန်းကို IS တွေ တိုက်ခိုက်

_ramadi_recapture
Image caption ရာမာဒီကို အီရတ် အစိုးရတပ်က IS တွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက် ခဲ့ပြီးတဲ့နောက် IS တွေဘက်က အကြီးမားဆုံး ပြန်လည် တိုက်ခိုက် လာတာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံ ရာမာဒီ မြို့အနီးက အစိုးရ စစ်စခန်းကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့ ကြပါတယ်။

ဒါဟာ ရာမာဒီကို အီရတ် အစိုးရတပ်က IS တွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက် ခဲ့ပြီးတဲ့နောက် IS တွေဘက်က အကြီးမားဆုံး ပြန်လည် တိုက်ခိုက် လာတာ ဖြစ်ပါတယ်။

ရာမာဒီ မြောက်ပိုင်း သဲကန္တရ ထဲက အခြေစိုက် စခန်း ရှိရာဆီကို အသေခံ ကားဗုံးခွဲမယ့်သူတွေ၊ အသေခံ ဗုံးခွဲ ကိုယ်ကြပ် အင်္ကျီ ဝတ်ဆင် ထားတဲ့ သူတွေ ဦးဆောင်ပြီး တိုက်ခိုက်လာတာ ဖြစ်တယ်လို့ အီရတ် စစ်တပ်က အရာရှိ တစ်ဦးက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်ခံ ခဲ့ရပြီးတဲ့ နောက် စခန်းကနေ အီရတ် အစိုးရ တပ်ဖွဲ့ ယာယီ ဆုတ်ခွာ ခဲ့ရပေမယ့် နိုင်ငံတကာ ညွန့်ပေါင်း တပ်ဖွဲ့ရဲ့ လေကြောင်း ပစ်ကူ နဲ့အတူ ပြန်လည် IS တွေကို ပြန်လည် တိုက်ခိုက် ခဲ့တယ်လို့လည်း အဲဒီ့ အရာရှိက ဆိုပါတယ်။

IS တွေ စီးနင်း ခဲ့မှုမှာ အစိုးရ စစ်သား ၆၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်း တချို့က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ