ဆီးရီးယား အစိုးရတပ် အဝိုင်းခံထားရတဲ့ မြို့မှာ လူတွေ ငတ်သေနေ

madaya ဓာတ်ပုံ မူပိုင် Reuters
Image caption မဒိုင်းယား မြို့ခံတွေကို ကူညီဖို့ လူမှုကွန်ရက်တွေ ပေါ်မှာ ဆော်ဩနေ။

လက်ဘနွန်နဲ့ နယ်စပ် အနီးက ဆီးရီးယား မြို့ မဒါးယား ဟာ ဆီးရီးယား အစိုးရတပ် တွေ နဲ့ သူတို့ရဲ့ မဟာမိတ် အဖွဲ့ ဖြစ်တဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ တပ် တွေရဲ့ ဝိုင်းရံ ပိတ်ဆို့ ထားတာ ကို ခံနေရတာ လ ပေါင်း များစွာ ရှိနေပြီ ဖြစ်ပါတယ်။

အခုဆိုရင် မဒါးယား မြို့ခံ တွေ ထဲမှာ အစာရေစာ ငတ်မွတ် ခေါင်းပါးမှုကြောင့် သေဆုံးသူတွေ ရှိလာ နေပြီ ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

အစား အစာ နဲ့ ဆေးဝါး ပြတ်လပ်မှု ကြောင့် သေဆုံး ရသူတွေ အပါအဝင်၊ မြို့ကို ဝိုင်းရံ ထားတာ ကနေ ဖောက်ထွက်ဖို့ ကြိုးစားရင်း ပစ်သတ် ခံရသူတွေ ပါဆိုရင် အရပ်သား ၁၇ ယောက် သေဆုံး ခဲ့ရပြီ ဖြစ်တယ်လို့ ဆီးရီးယား အရေး လှုပ်ရှား တဲ့ အဖွဲ့ တစ်ဖွဲ့ က ပြောပါတယ်။

ငတ်မွတ် ခေါင်းပါးမှု ဒဏ်နဲ့ ပိန်ချုံး ကျ နေတဲ့ ရုပ်အလောင်း ဓာတ်ပုံ တွေ လည်း ထွက် ပေါ် လာနေသလို၊ လူတွေ ဟာ ငတ်လွန်းလို့ မြက်တွေ တောင် စား နေကြရတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ