မြောက်ကိုရီးယားက ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်ခဲ့တယ်လို့ပြော

North Korea State TV ဓာတ်ပုံ မူပိုင် b
Image caption စမ်းသပ်မှု အကြောင်း မြောက်ကိုရီးယား ရုပ်မြင်သံကြားမှာ ကြေညာ

အဏုမြူ ဗုံးထက် အင်အား ပိုကြီးတဲ့ ဟိုက်ဒြိုဂျင် ဗုံးကို မြေအောက်မှာ ပထမဆုံး အောင်မြင်စွာ စမ်းသပ် ဖောက်ခွဲနိုင် ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာ ခဲ့ပါတယ်။

အဲဒီ ပြောဆိုမှုနဲ့ ပတ်သက်လို့ အထိတ်တလန့် ဖြစ်ခဲ့ကြပြီး ကျယ်ကျယ် ပြန့်ပြန့် ရှုတ်ချ ဝေဖန်ခဲ့ကြ ပါတယ်။

သီးခြား လွတ်လပ်တဲ့ အတည်ပြုချက် မရနိုင်ပေမယ့် တကယ် ဖောက်ခွဲ ခဲ့ရိုး မှန်ရင်တော့ မြောက်ကိုရီးယား အတွက် ဒါဟာ ကြီးမားတဲ့ အဏုမြူ စွမ်းအင် ဆိုင်ရာ တိုးတက်မှု ဖြစ်တယ်လို့ ဘီဘီစီ ကိုရီးယား ဆိုင်ရာ သတင်းထောက် Stephen Evans က ပြောပါတယ်။

အမျိုးသား လုံခြုံရေး ကို ခြိမ်းခြောက် ခံရတယ်လို့ ယူဆတဲ့ တောင်ကိုရီးယား ဘက်ကလည်း မြောက်ကိုရီးယား ရန်စမှုကို ထိန်းချုပ်ဖို့ တောင်ကိုရီးယား တပ်တွေက အသင့် ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဌာန ပြောခွင့်ရ Kim Min-seok က ပြောပါတယ်။

အရေးပေါ် ထိန်းချုပ်မှု စနစ်ကို ချက်ချင်း စတင် လည်ပတ်နေပါပြီ၊ အခြေအနေတွေ စစ်ဆေးပြီး အမေရိကန် နဲ့ တောင်ကိုရီးယား ကြားမှာ ခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်

မြောက်ကိုရီးယား အစိုးရက လိမ်ညာ နေတာ ဖြစ်မယ်လို့ ယူဆ နေသူတွေလည်း ရှိပါတယ်။

အမေရိကန် Rand Corporation က သုံးသပ်သူ Bruce Bennett က တကယ်တမ်း ဟိုက်ဒရိုဂျင် ဗုံး ဖောက်ခွဲ စမ်းသပ်တာသာ မှန်ရင် သူတို့ ပြောနေတာထက် ၁ဝ ဆ ပိုပြီး တုန်ခါရမယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း ၂ဝ၁၃ ခုနှစ်က ဖောက်ခွဲ စမ်းသပ်ခဲ့မှုထက် ပိုပြီး ကြီးမားတဲ့ အဏုမြူ ပေါက်ကွဲမှုမျိုး ဖြစ်ခဲ့ကြောင်း လေ့လာ စောင့်ကြည့်သူ တွေက သဘောတူညီ ကြပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယား ဘက်က ပြောသလို ဟိုက်ဒရိုဂျင် ဗုံး ပေါက်ကွဲမှုမျိုးလောက် မကြီးမားဘူးလို့ ယူဆ ကြပါတယ်။

မြောက်ကိုရီးယား အဏုမြူ စခန်းနားမှာ သဘာဝ အတိုင်း မဟုတ်တဲ့ တုန်ခါမှု တခု ဖြစ်ခဲ့တယ် လို့လည်း အမေရိကန် ဘူမိ ဗေဒ ဌာနက တိုင်းတာ ရရှိပါတယ်။

အရင်လ ထဲက မြောက်ကိုရီးယား ခေါင်းဆောင် က ဟိုက်ဒရိုဂျင် ဗုံး ထုတ်လုပ် နိုင်ကြောင်း ပြောကြား ခဲ့ပေမယ့် ကျွမ်းကျင်သူ တွေက သံသယ ဖြစ်ခဲ့ကြ ပါတယ်။

ဒါပေမဲ့လည်း မြောက်ကိုရီးယားက သူလိုချင်တာ ရဖို့ အတွက် အမြန်အဆန် တိုးတက်မှုတွေ ရှာနေတာ ကတော့ သေချာ နေပါတယ်။

ပြီးခဲ့တဲ့ အဏုမြူ စမ်းသပ်ဖောက်ခွဲမှုတွေ တုန်းက နိုင်ငံတကာ က မြောက်ကိုရီးယားကို ဒဏ်ခတ် ပိတ်ဆို့ ခဲ့ကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း ဗုဒ္ဓဟူးနေ့မှာပဲ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။